Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 4:4 - Common Language Bible

4 ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ လေး ဘက် တွင် တစ် ဘက် လျှင် သုံး ကောင် ကျ နောက် ပိုင်း အ တွင်း မျက် နှာ ကား အ ပြင် သို့ မူ သော နွား ရုပ် ဆယ့် နှစ် ကောင် ပေါ် မှာ တင် ထား စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 နွား​တစ်​ဆယ်​နှစ်​ခု​ပေါ်​မှာ တည်​လျက်​ရှိ၏။ နွား​တို့​သည် အ​တွင်း​သို့​နောက်​ခိုင်း၍ အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​သို့ တစ်​မျက်​နှာ​လျှင်​သုံး​ခု​စီ မျက်​နှာ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​ရေကန်​သည် နွားရုပ်​တစ်ဆယ့်​နှစ်​ကောင်​ပေါ်တွင် တည်​ထား​၏​။ နွားရုပ်​တို့​မှာ မြောက်ဘက်​သို့​သုံး​ကောင်​၊ အနောက်ဘက်​သို့​သုံး​ကောင်​၊ တောင်ဘက်​သို့​သုံး​ကောင်​၊ အရှေ့ဘက်​သို့​သုံး​ကောင် မျက်နှာမူ​ထား​၏​။ နွားရုပ်​တို့​အပေါ်​တွင် ရေကန်​ရှိ​၍ ထို​နွားရုပ်​အားလုံး အတွင်းဘက်​ကို ကျောခိုင်း​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 4:4
10 ပူးပေါင်းရင်းမြစ်များ  

ရေ​ကန်​ကို​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင်​ကျ အ​ပြင်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ပေါ်​တွင် တင်​ထား​၏။-


ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-


ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-


ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-


ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-


သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-


သင်​တို့​သည်​လည်း​တ​မန်​တော်​များ​နှင့်​ပ​ရော​ဖက် များ​ချ​မှတ်​ခဲ့​သည့်​တိုက်​မြစ်​အ​ပေါ်​တွင်​တည် ဆောက်​လျက်​ရှိ​သည့်​အ​ဆောက်​အ​အုံ​ဖြစ်​ကြ​၏။ ထို​အ​ဆောက်​အ​အုံ​၏​အ​ရေး​အ​ကြီး​ဆုံး​သော ထောင့်​ချုပ်​ကျောက်​ကား​ခ​ရစ်​တော်​ယေ​ရှု​ပင်​ဖြစ် သ​တည်း။-


မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ