တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
၂ ရာချုပ် 4:22 - မြန်မာ့စံမီသမ္မာကျမ်း မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။ Common Language Bible မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။ Garrad Bible ရွှေ စင် ဖြင့် ပြီး သော မီး ညှပ်၊ ဖ လား၊ ခွက်၊ မီး ကျီး ခံ များ တည်း ဟူ သော ဘု ရား သ ခင့် ဗိ မာန် တော် ရှိ အ သုံး အ ဆောင် ဟူ သ မျှ နှင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် ဆိုင် ရာ အ တွင်း တံ ခါး၊ Judson Bible ရွှေစင်ဖြင့်ပြီးသော မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်းခန်းတံခါးရွက်နှင့် ဗိမာန်တော်ပြင်ခန်း တံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။ |
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
သို့သော် ထာဝရဘုရား၏အိမ်တော်အတွက် ငွေဇလုံများ၊ မီးညှပ်များ၊ အင်တုံများ၊ တံပိုးခရာများ၊ ရွှေထည်ငွေထည်ပစ္စည်းများ စသည်တို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေများဖြင့် မပြုလုပ်ပေ။
အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇွန်းများမှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။
ရွှေအတိပြီးသော ဆီမီးခုံရှိ ပန်းပွင့်များ၊ မီးခွက်များ၊ မီးငြှိမ်းကိရိယာများ၊
ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။
အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇလုံများ၊ ခွက်များနှင့် အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။
တံခါးပေါက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်၊ နောက်တစ်ပေါက်တွင် တံခါးရွက်နှစ်ရွက်ပါ၏။