နေဗုခဒ်နေဇာမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အချို့တို့ကိုလည်း ဘေဘီလုံပြည်သို့ယူဆောင်သွားပြီး ဘေဘီလုံမြို့ရှိမိမိဗိမာန်တွင် ထားရှိလေ၏။
ဗိမာန်တော်ဘဏ္ဍာအချို့ကိုလည်းယူ၍ မိမိ၏ဗာဗုလုန်နန်းတော်တွင်ထားတော် မူ၏။-
ဗိ မာန် တော် အ သုံး အ ဆောင် အ ချို့ ကို၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား၍၊ ကိုယ့် နန်း တော် တွင် ထား လေ ၏။
ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
ဤအရပ်မှ ဘေဘီလုံမြို့သို့ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသိမ်းဆည်းယူဆောင်သွားသည့် ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်ရှိသမျှတို့ကို နှစ်နှစ်အတွင်း ဤအရပ်သို့ ငါပြန်ယူဆောင်လာမည်။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။