ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
၂ ရာချုပ် 36:3 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ဘုရင်သည် သူ့ကို ဂျေရုဆလင်မြို့တွင်နန်းချပြီး တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။ Common Language Bible အီဂျစ်ဘုရင်နေခေါသည်သူ့ကိုဖမ်းဆီးထား ပြီးနောက်ယုဒပြည်သူတို့ထံမှ လက်ဆောင် ပဏ္ဏာအဖြစ်ဖြင့်ငွေအလေးချိန်ပေါင်ခုနစ် ထောင့်ငါးရာနှင့်ရွှေပေါင်ချိန်ခုနစ်ဆယ့် ငါးပေါင်ကိုတောင်းခံတော်မူ၏။- Garrad Bible အိ ဂျစ် ဘု ရင် သည် နန်း ချ ပြီး လျှင်၊ ယု ဒ ပြည် တွင် ငွေ ချိန် ခွက် သုံး ထောင်၊ ရွှေ ချိန် ခွက် သုံး ဆယ် ဒဏ် တပ် လျက်၊ Judson Bible ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင်မြို့မှာနန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။ |
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။
ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။