ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
၂ ရာချုပ် 36:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော်ယောခတ်အား ဂျေရုဆလင်မြို့တွင် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။ Common Language Bible ယုဒပြည်သူတို့သည်ယောရှိ၏သားတော် ယောခတ်ကိုရွေးချယ်၍ ယေရုရှလင်မြို့ တွင်မင်းအဖြစ်ဘိသိက်ပေးကြ၏။- Garrad Bible ပြည် သူ ပြည် သား တို့ သည်၊ ယော ရှိ မင်း သား တော် ယော ခတ် ကို ခေါ် လျက်၊ ခ မည်း တော် အ ရိုက် အ ရာ၌၊ ယေ ရု ရှ လင် မြို့ တွင် မင်း မြှောက် ကြ ကုန်၏။ Judson Bible ပြည်သူပြည်သားတို့သည် ယောရှိသား ယောခတ်ကိုယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။ |
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ယောရှိ၏သားများမှာ သားဦးယောဟနန်၊ ဒုတိယသားယောယကိမ်၊ တတိယသားဇေဒကိ၊ စတုတ္ထသားရှလ္လုံ တို့ဖြစ်ကြ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော ဩဇိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ထိုအခါ ပြည်သူပြည်သားတို့သည် အာမုန်မင်းကြီးအား လုပ်ကြံခဲ့သူအားလုံးကို ပြန်သတ်ပြီး ထိုပြည်သူပြည်သားတို့ကပင် မင်းကြီး၏သားတော်ယောရှိအား ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။
ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။
ခမည်းတော်ယောရှိမင်းကြီး၏အရိုက်အရာကို ဆက်ခံသော ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ရှလ္လုံမင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူသည် ဤပြည်မှထွက်သွား၍ နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။
သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။