သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
၂ ရာချုပ် 35:20 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။ Common Language Bible ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊- Garrad Bible ယော ရှိ မင်း သည်၊ ဗိ မာန် တော် အ မှု ကို အ ကုန် အ စင် စီ မံ ပြီး နောက်၊ ဥ ဖ ရတ် မြစ် အ နီး၊ ခါ ခေ မိတ် မြို့ သို့ စစ် ချီ၍ လာ သော အိ ဂျစ် ဘု ရင် နေ ခေါ မင်း ကို ဆီး ဆို့ ရန်၊ ချီ ထွက် သည့် ကာ လ၊ Judson Bible ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှာ ထွက်လေ၏။ |
သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
ဤသို့ ဟေဇကိမင်းကြီးသည် ဤအမှုတို့ကို သစ္စာရှိစွာဆောင်ရွက်ပြီးသည့်နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် စစ်ချီလာ၏။ ထိုမင်းသည် ယုဒပြည်ထဲသို့ ဝင်ရောက်၍ ခံတပ်မြို့များကို ဝိုင်းထားပြီး ထိုးဖောက်တိုက်ခိုက်ရန် အကြံရှိ၏။
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင်မှ ဤကဲ့သို့သောပသခါပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်၏။
ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။