ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
၂ ရာချုပ် 35:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် စီရင်ထုံးဖွဲ့ချက်အတိုင်း ပသခါယဇ်ကောင်ကို မီးကင်၍ သန့်ရှင်းသောယဇ်များကိုလည်း အိုးများ၊ ဒယ်စောက်များ၊ ဒယ်အိုးများတွင် ပြုတ်ပြီးလျှင် ပြည်သူပြည်သားတို့အား အလျင်အမြန်ဝေပေး၏။ Common Language Bible လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။- Garrad Bible ဆုံး ဖြတ် ချက် အ တိုင်း ပ သ ခါ သိုး သား ငယ် ကို မီး ကင် လျက်၊ အ ခြား သီး သန့် ရာ များ ကို ကား၊ အိုး အ မျိုး မျိုး နှင့် ပြုတ်၍၊ လူ ပ ရိ သတ် အ ပေါင်း တို့ အား၊ အ လျင် အ မြန် ပေး ပြီး နောက်၊ Judson Bible ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသောပူဇော်သကာ အခြားတို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ပြုတ်၍ လူအပေါင်းတို့အား အလျင်အမြန် ဝေဖန်ကြ၏။ |
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
ထို့နောက်မှ မိမိတို့အဖို့နှင့် ယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ကြ၏။ အာရုန်သားမြေးယဇ်ပုရောဟိတ်တို့သည် မီးရှို့ရာယဇ်နှင့် အဆီတို့ကို ညရောက်သည်အထိ ပူဇော်ရသဖြင့် လေဝိအမျိုးတို့သည် မိမိတို့အဖို့နှင့် အာရုန်သားမြေးယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ပေးရ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
ထိုသူက ငါ့အား “ဤနေရာသည် ယဇ်ပုရောဟိတ်တို့က အပြစ်ဒဏ်ဖြေရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို ပြုတ်ရသောနေရာ၊ ဘောဇဉ်ပူဇော်သက္ကာကို ဖုတ်ရာနေရာဖြစ်၏။ လူတို့ထံ သန့်ရှင်းခြင်းကူးမသွားစေရန် ထိုယဇ်တို့ကို အပြင်ဝင်းသို့ ယူဆောင်မသွားရ”ဟု ဆို၏။
ထိုအသားပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ ကြေးနီအိုးဖြင့်ပြုတ်လျှင် အိုးကိုတိုက်ချွတ်၍ ရေဖြင့်ဆေးရမည်။
နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော သူ၏ခေါင်းကိုရိတ်ပြီးနောက် ယဇ်ပုရောဟိတ်သည် ပြုတ်ထားသောသိုးထီးပခုံးနှင့် တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ တဆေးမဲ့မုန့်ကြွပ်တစ်ခုကို ယူ၍ သူ၏လက်ထဲသို့ ထည့်ရမည်။
လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။