၂ ရာချုပ် 35:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက်မှ မိမိတို့အဖို့နှင့် ယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ကြ၏။ အာရုန်သားမြေးယဇ်ပုရောဟိတ်တို့သည် မီးရှို့ရာယဇ်နှင့် အဆီတို့ကို ညရောက်သည်အထိ ပူဇော်ရသဖြင့် လေဝိအမျိုးတို့သည် မိမိတို့အဖို့နှင့် အာရုန်သားမြေးယဇ်ပုရောဟိတ်တို့အဖို့ ပြင်ဆင်ပေးရ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုနောက်လေဝိအနွယ်ဝင်တို့သည်မိမိတို့ အတွက်နှင့်အာရုန်မှဆင်းသက်သူ ယဇ်ပုရော ဟိတ်များအတွက်အသားများကိုပေးဝေ ကြလေသည်။ အဘယ်ကြောင့်ဆိုသော်ယဇ် ပုရောဟိတ်တို့သည်တစ်ကောင်လုံးမီးရှို့ ပူဇော်ရသောယဇ်များနှင့် ယဇ်ကောင်ဆီဥ များကိုမီးရှို့ပူဇော်ခြင်းဖြင့်ညဥ့်ဦးတိုင် အောင်အလုပ်များလျက်နေကြသော ကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible14 အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ သည်၊ မီး ရှို့ ရာ သ က္ကာ နှင့် ဆီ ဥ များ ကို၊ ညဉ့် တိုင် အောင် ပူ ဇော် ရ သည့် အ တွက်၊ ကိုယ် မှ စ၍ အာ ရုန့် အ နွယ် ပ ရော ဟိတ် တို့ အ ဖို့၊ လေ ဝိ ဂိုဏ်း သား တို့ ပြင် ဆင် ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနောက်မှ ကိုယ်အဖို့နှင့် ယဇ်ပုရောဟိတ်အဖို့ကို ပြင်ဆင်ကြ၏။ အာရုန်သားယဇ်ပုရောဟိတ်တို့သည် ညဉ့်ဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကို ပူဇော်လျက်နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဖို့ကိုလည်းကောင်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဖို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။ |
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ