အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 33:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မနာရှေ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို သူ့​နန်းတော်​တွင် သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာမုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

မ နာ ရှေ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ နန်း မြို့ တော် အ တွင်း စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် အာ မုန် သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ မိ​မိ​အိမ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 33:20
9 ပူးပေါင်းရင်းမြစ်များ  

မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​သားမြေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​တောင်ကုန်း​ပေါ်တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​အနိစ္စ​ရောက်​သောအခါ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​သည် သူ့​ကို ဂုဏ်ပြု​ကြ​၏​။ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


သူ​၏​ဆုတောင်းချက်​၊ သူ့​ကို​ဘုရားသခင်​နားညောင်း​တော်မူ​ခြင်း​၊ မိမိကိုယ်ကို မ​နှိမ့်ချ​မီ သူ​သစ္စာမဲ့​၍​ပြု​မိ​ခဲ့​သော​အပြစ်​အားလုံး​၊ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​တည်​ခြင်း​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​များ​စိုက်ထူ​ခြင်း စသည်​တို့​ကို ဟောဇဲ​၏​မှတ်တမ်း​တွင် ရေးမှတ်​ထား​လျက်​ရှိ​၏​။


အာမုန်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​နှစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်​နှစ်​စိုးစံ​၏​။


အာမုန်​၏​သား​၊ ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​လက်ထက်​၌ ဟေဇကိ​၏​တီ​၊ အာမရိ​၏​မြစ်​၊ ဂေဒလိ​၏​မြေး​၊ ကုရှိ​၏​သား​ဇေဖနိ​ထံသို့ ရောက်လာ​သော​ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​တည်း​။


ဟေဇကိ​သည် သား​မနာရှေ​ကို​ရ​၏။ မနာရှေ​သည် သား​အာမုန်​ကို​ရ​၏။ အာမုန်​သည် သား​ယောရှိ​ကို​ရ​၏။


ရှမွေလ ကွယ်လွန်​သောအခါ အစ္စရေး​လူမျိုး​အားလုံး စုရုံး​၍ သူ့​အတွက် ငိုကြွေးမြည်တမ်း​ကြ​၏​။ ထို့နောက် ရာမ​မြို့​ရှိ သူ့​အိမ်​တွင် သင်္ဂြိုဟ်​ကြ​၏​။ ဒါဝိဒ်​သည်​လည်း ထ​၍ ပါရန်​တောကန္တာရ​သို့ ဆင်းသွား​၏​။