သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
၂ ရာချုပ် 32:3 - မြန်မာ့စံမီသမ္မာကျမ်း မြို့ပြင်ရှိစမ်းရေတွင်းများကို ပိတ်ပစ်ရန် မိမိ၏မှူးမတ်များ၊ စစ်သူရဲများနှင့်တိုင်ပင်ရာ သူတို့သည်လည်း ဟေဇကိမင်းကြီးကို ကူညီကြ၏။ Common Language Bible မိမိ၏မှူးမတ်များနှင့်တိုင်ပင်၍အာရှုရိ အမျိုးသားတို့ရောက်လာချိန်၌ ရေမရအောင် မြို့ပြင်သို့ရေလွှတ်မြောင်းများကိုဖြတ်တောက် စေတော်မူ၏။ မှူးမတ်တို့သည်လူအမြောက် အမြားကိုစုရုံးလျက်စမ်းရေတွင်းရှိသမျှ တို့ကိုပိတ်ဆို့လိုက်ကြ၏။- Garrad Bible မြို့ ပြင် ရှိ စမ်း ရေ ပေါက် များ ကို ပိတ် သွင်း ရန်၊ မှူး တော် မတ် တော်၊ ရဲ ဗိုလ် တို့ နှင့် တိုင် ပင် သည့် အ တိုင်း၊ Judson Bible မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှာ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။ |
သင်၌ စစ်ဗျူဟာ၊ စစ်အင်အားရှိသည်ဆိုသည်မှာ အပြောသက်သက်သာဖြစ်၏။ ယခု သင်သည် အဘယ်သူကိုကိုးစား၍ ငါ့ကို ပုန်ကန်သနည်း။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။
ထိုသို့ သနာခရိပ်မင်းကြီးသည် ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် ချီလာနေကြောင်းကို ဟေဇကိမင်းကြီး သိမြင်လျှင်
ထို့ပြင် ဟေဇကိမင်းကြီးသည် ဂိဟုန်ချောင်းအထက်ရေစီးကြောင်းကို ပိတ်ပြီး ဒါဝိဒ်မြို့၏အနောက်ဘက်သို့ မြောင်းသွယ်၍စီးဆင်းစေ၏။ ဟေဇကိမင်းကြီးသည် ပြုလေသမျှတို့၌ အောင်မြင်၏။
လူအုပ်ကြီးသည်လည်း စုရုံးလာကြပြီး “အဆီးရီးယားဘုရင် ချီလာလျှင် အဘယ်ကြောင့် ရေအလုံအလောက်ရစေရမည်နည်း”ဟု ဆိုလျက် စမ်းရေတွင်းရှိသမျှနှင့် ပြည်ထဲတွင်စီးဆင်းနေသောစမ်းချောင်းများကို ပိတ်ဆို့ကြလေ၏။
ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အကယ်စင်စစ် သင်သည် လမ်းညွှန်မှုခံယူခြင်းအားဖြင့် သင်၏စစ်ပွဲကိုဆင်နွှဲရမည်။ အကြံပေးသူများစွာရှိခြင်းအားဖြင့် အောင်ပွဲရတတ်၏။
ထာဝရဘုရား၏ဝိညာဉ်တော်ကို မည်သူလမ်းညွှန်နိုင်သနည်း။ ကိုယ်တော့်ကို အကြံပေးသူ၊ ညွှန်ကြားသူကား မည်သူနည်း။
ဝိုင်းရံပိတ်ဆို့ခံရမည်ဖြစ်၍ ရေကို လှောင်ထားလော့။ အုတ်ဖိုကိုပြင်ဆင်၍ ရွှံ့ကိုနင်းနယ်လော့။ သင့်ခံတပ်တို့ကို ခိုင်ခံ့စေလော့။
“မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။