မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများအပြင် အဖွဲ့အလိုက်တာဝန်ကိုထမ်းဆောင်ရန် ထာဝရဘုရား၏အိမ်တော်ထဲသို့ဝင်ရောက်၍ ညွှန်ကြားထားသောအလုပ်ကို နေ့စဉ်လုပ်ဆောင်သော အသက်သုံးနှစ်နှင့်အထက်ရှိသောယောက်ျားများ၊
၂ ရာချုပ် 31:4 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားတော်များအတိုင်း ထမ်းဆောင်နိုင်ရန် သူတို့ရထိုက်သောဝေစုကို သူတို့အား ဂျေရုဆလင်မြို့သားတို့ခွဲဝေပေးရန် ရှင်ဘုရင်အမိန့်ထုတ်ပြန်၏။ Common Language Bible ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား တ ရား တော် ဘက် သို့ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ လုံး လုံး လိုက် နိုင် ကြ စေ ရန်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ က၊ ဝ တ္တ ရား အ တိုင်း လှူ ဒါန်း ကြ ရ မည့် အ ကြောင်း မိန့် ဆို၏။ Judson Bible ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏တရားကို ကြိုးစား၍ သွန်သင်စေခြင်းငှာ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတစ်ဖို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။ |
မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများအပြင် အဖွဲ့အလိုက်တာဝန်ကိုထမ်းဆောင်ရန် ထာဝရဘုရား၏အိမ်တော်ထဲသို့ဝင်ရောက်၍ ညွှန်ကြားထားသောအလုပ်ကို နေ့စဉ်လုပ်ဆောင်သော အသက်သုံးနှစ်နှင့်အထက်ရှိသောယောက်ျားများ၊
အကောင်းဆုံးအသီးဦးအမျိုးမျိုးနှင့် အလှူပစ္စည်းအမျိုးမျိုးတို့ကို ယဇ်ပုရောဟိတ်တို့ ပိုင်ရမည်။ သင့်အိမ်သားတို့ ကောင်းချီးမင်္ဂလာခံစားရမည့်အကြောင်း သင်၏အဦးဆုံးမုန့်ညက်ကို ယဇ်ပုရောဟိတ်တို့အား ပေးလှူရမည်။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။
လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။