ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့သော သင်တို့၏ဘိုးဘေး၊ သင်တို့၏ညီအစ်ကိုများကဲ့သို့ သင်တို့မဖြစ်ကြနှင့်။ သင်တို့မြင်သည့်အတိုင်း ကိုယ်တော်သည် သူတို့ကို ထိတ်လန့်စရာ ဖြစ်စေခဲ့၏။
သင်တို့သည်ဘုရားသခင်ထာဝရဘုရား ကို သစ္စာဖောက်သူဘိုးဘေးများနှင့်အခြား ဣသရေလအမျိုးသားတို့ကဲ့သို့မပြု ကြနှင့်။ သင်တို့သိရှိကြသည့်အတိုင်း ကိုယ် တော်သည် ထိုသူတို့အားအပြစ်ဒဏ်ခတ် တော်မူခဲ့၏။-
ဘိုး ဘေး တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို ဖောက် ကျော် သည့် အ တွက်၊ သင် တို့ သိ ကြ သည့် အ တိုင်း၊ အံ့ ဖွယ် သ ရဲ ဖြစ် သော ဘိုး ဘေး တို့ နှင့် ဆွေ မျိုး သား ချင်း နည်း တူ၊
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည်အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အမျက်ထွက်ပြီး သင်တို့မြင်သည့်အတိုင်း သူတို့ကို ရွံရှာစရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့လှောင်ပြောင်စရာ ဖြစ်စေပြီ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်အတူ အပြစ်ပြုကြပါပြီ။ ဒုစရိုက်ကိုပြုကြပါပြီ။ ဆိုးယုတ်သောအမှုကိုပြုကြပါပြီ။
ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
ထို့ကြောင့် အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် ဘိုးဘေးတို့၏အပြုအမူအကျင့်အကြံအတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြသလော။ သူတို့ပြုသော ရွံရှာဖွယ်ရာနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းကြသလော’ဟု မိန့်တော်မူ၏။