အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
၂ ရာချုပ် 30:25 - မြန်မာ့စံမီသမ္မာကျမ်း ယုဒလူထုအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ အစ္စရေးပြည်မှလာသောလူထုအားလုံး၊ အစ္စရေးပြည်မှလာသောတိုင်းတစ်ပါးသားများနှင့် ယုဒပြည်တွင်နေထိုင်သောတိုင်းတစ်ပါးသားများတို့သည် ဝမ်းမြောက်ပျော်ရွှင်လျက် ရှိကြ၏။ Common Language Bible သို့ဖြစ်၍ယုဒပြည်သူများ၊ ယဇ်ပုရောဟိတ် များ၊ လေဝိအနွယ်ဝင်များ၊ မြောက်အရပ်မှလာ ရောက်ကြသူများ၊ ဣသရေလပြည်နှင့်ယုဒ ပြည်တွင်အတည်တကျနေထိုင်ကြသူ လူမျိုး ခြားများသည်အားရဝမ်းမြောက်ကြလေသည်။- Garrad Bible ထို အ ခါ။ ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ မှ စ၍၊ ယု ဒ ပ ရိ သတ်၊ ဣ သ ရေ လ ပြည် လာ ပ ရိတ် သတ် တို့ နှင့်၊ ဣ သ ရေ လ ပြည် ခို ဝင် လာ ရောက် သူ၊ ယု ဒ ပြည် ခို ဝင် သူ အ ပေါင်း တို့ ပါ၊ အား ရ ဝမ်း မြောက် ကြ လေ၏။ Judson Bible ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒပရိသတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ်များ၊ ယုဒပြည်၌နေသော တစ်ပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တစ်ပါးအမျိုးသားတို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။ |
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။
လူအမြောက်အမြား အထူးသဖြင့် ဧဖရိမ်၊ မနာရှေ၊ ဣသခါ၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူအများစုသည် မိမိကိုယ်ကိုစင်ကြယ်အောင်မပြုရသေးသော်လည်း ပသခါသိုးသငယ်အသားကို စားကြ၍ ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်းမပြုကြ။ အကြောင်းမှာ ဟေဇကိမင်းကြီးက “အို ကောင်းမြတ်တော်မူသောထာဝရဘုရား၊
ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်အားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သော အရာများအတွက် အကျွန်ုပ်သည် ရွှင်လန်းစွာသီချင်းဆိုပါမည်။