အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
၂ ရာချုပ် 30:2 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။ Judson Bible ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှာ ရှင်ဘုရင်သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင်မြို့၌ စည်းဝေးသောသူ အပေါင်းတို့သည် စီရင်ကြပြီ။ |
အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ခဲ့သောတရားသူကြီးများလက်ထက်မှစ၍ အစ္စရေးဘုရင်များနှင့် ယုဒဘုရင်များလက်ထက်တစ်လျှောက်လုံးတွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပခဲ့ဖူးချေ။
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး
ဂျေရုဆလင်မြို့ရှိ ထာဝရဘုရားအိမ်တော်သို့လာ၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကျင်းပကြရန် ဟေဇကိမင်းကြီးသည် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပေါင်းတို့ထံ သတင်းပို့၏။ ဧဖရိမ်လူမျိုး၊ မနာရှေလူမျိုးတို့ထံသို့လည်း စာရေးအကြောင်းကြား၏။
ဤသို့ဖြင့် ဒုတိယလတွင် တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရန် ဂျေရုဆလင်မြို့သို့ လူအမြောက်အမြားစုဝေးလာကြ၍ ဧရာမလူအုပ်ကြီးဖြစ်လေ၏။
ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
လမ်းညွှန်မှုမရှိလျှင် လူမျိုးတစ်မျိုးသည် ကျဆုံးတတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အောင်မြင်တတ်၏။
ဆွေးနွေးတိုင်ပင်ခြင်းမရှိလျှင် အကြံအစည်များပျက်တတ်၏။ အကြံပေးသူများစွာရှိလျှင်မူကား အကြံအစည်ထမြောက်တတ်၏။
ဆင်းရဲသော်လည်း ပညာရှိသောလူငယ်သည် အသက်ကြီးသော်လည်း သတိပေးချက်ကိုလက်မခံတော့သည့် မိုက်မဲသောရှင်ဘုရင်ထက် ပို၍ကောင်း၏။