ညီအစ်ကိုချင်းတို့ကိုစုဝေးစေပြီး မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုစေကြ၏။ ထို့နောက် ထာဝရဘုရားမိန့်မှာထားသည်နှင့်အညီ ရှင်ဘုရင်၏အမိန့်တော်အတိုင်း သူတို့သည် သွား၍ ထာဝရဘုရား၏အိမ်တော်ကိုသန့်ရှင်းအောင်ပြုကြ၏။
၂ ရာချုပ် 30:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။ Common Language Bible ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ခံ ဘု ရင် မင်း နှင့် မှူး မတ် တို့ အ မိန့် အ တိုင်း၊ တစ် ညီ တစ် ညွတ် တည်း လိုက် နာ ကြ စိမ့် သော ငှာ၊ ယု ဒ လူ မျိုး အ ပေါ် တွင် ဘု ရား သ ခင့် လက် ရုံး တော် တည် သည် ဖြစ်၍၊ Judson Bible ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်နှင့် မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီတညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရားသခင်တန်ခိုးတော်ကြောင့်ရကြ၏။ |
ညီအစ်ကိုချင်းတို့ကိုစုဝေးစေပြီး မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုစေကြ၏။ ထို့နောက် ထာဝရဘုရားမိန့်မှာထားသည်နှင့်အညီ ရှင်ဘုရင်၏အမိန့်တော်အတိုင်း သူတို့သည် သွား၍ ထာဝရဘုရား၏အိမ်တော်ကိုသန့်ရှင်းအောင်ပြုကြ၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
ဘုရားသခင်သည် လူတို့အဖို့ ပြုပေးတော်မူသဖြင့် အချိန်အနည်းငယ်အတွင်း ထိုအမှုများဖြစ်မြောက်လာသောကြောင့် ဟေဇကိမင်းကြီးနှင့် ပြည်သူပြည်သားတို့ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြ၏။
ဘဏ္ဍာတိုက်မှစ၍ မည်သည့်ကိစ္စရပ်မဆို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ဘုရင့်အမိန့်တော်ကို တသဝေမတိမ်းလိုက်နာကြရ၏။
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
ငါ့ကို အစဉ်ကြောက်ရွံ့ရိုသေခြင်းအားဖြင့် သူတို့နှင့် နောင်လာမည့်သူတို့၏သားသမီးများ ကောင်းစားဖို့ တစ်ခုတည်းသောစိတ်သဘော၊ တစ်ခုတည်းသောနည်းလမ်းကို သူတို့အား ငါပေးမည်။
သင်တို့အား စိတ်နှလုံးသစ်ကိုပေးမည်။ သင်တို့အထဲသို့ စိတ်သဘောသစ်ကို သွင်းပေးမည်။ သင်တို့ကိုယ်ခန္ဓာထဲမှ မာကျောသောကျောက်နှလုံးသားကို ဖယ်ရှား၍ အသားနှလုံးသားကိုပေးမည်။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
သင်တို့အား ငါမှာကြားသောစကားတို့ကို မဖြည့်စွက်ရ။ မနုတ်ပယ်ရ။ သင်တို့အား ငါဆင့်ဆိုသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းရမည်။
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
အကြောင်းမူကား ငါတို့သည် သခင်ယေရှုအားဖြင့် သင်တို့အား မည်သည့်ညွှန်ကြားချက်များပေးခဲ့သည်ကို သင်တို့သိကြ၏။
ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။