ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
၂ ရာချုပ် 3:3 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးတည်ဆောက်သော ဘုရားသခင်၏အိမ်တော်အုတ်မြစ်မှာ ရှေးခေတ်တိုင်းထွာနည်းအရ အလျား အတောင်ခြောက်ဆယ်၊ အနံ အတောင်နှစ်ဆယ်ရှိ၏။ Common Language Bible ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။- Garrad Bible ဘု ရား သ ခင့် ဗိ မာန် တော် ကို တည် ဆောက် ရန် ကျောက် မြစ် ချ ရ သော စ နစ် မှာ ရှေး တောင် တာ အ တိုင်း၊ အ လျား အ တောင် ခြောက် ဆယ်၊ အ နံ အ တောင် နှစ် ဆယ် တည်း။ Judson Bible ရှောလမုန်သည် ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှု၌ သွန်သင်ခြင်းကို ခံသည်နှင့်အညီ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ် ရှိ၏။ |
ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
ရှောလမုန်မင်းကြီးနန်းစံ လေးနှစ်မြောက်၊ ဒုတိယလ၊ ဒုတိယနေ့တွင် အိမ်တော်ကို စတင်တည်ဆောက်၏။
တံခါးပေါက်မှာ အတောင်တစ်ဆယ်ကျယ်၏။ တစ်ဖက်တစ်ချက်ရှိတံခါးတိုင်၏ထုမှာ ငါးတောင်စီရှိ၏။ ဗိမာန်တော်အပြင်ခန်းကိုတိုင်းရာ အလျားအတောင်လေးဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။