နောက်ခေရုဗိမ်၏တောင်ပံတစ်ဖက်သည်လည်း ငါးတောင်ရှည်ပြီး အိမ်တော်နံရံနှင့် ထိစပ်လျက်ရှိ၏။ နောက်တောင်ပံတစ်ခုမှာလည်း ငါးတောင်ရှည်ပြီး ပထမခေရုဗိမ်၏အတောင်ပံနှင့် ထိစပ်လျက်ရှိ၏။
၂ ရာချုပ် 3:13 - မြန်မာ့စံမီသမ္မာကျမ်း ဖြန့်ထားသောခေရုဗိမ်တို့၏အတောင်ပံများသည် အတောင်နှစ်ဆယ် အရှည်ရှိ၏။ ခေရုဗိမ်ရုပ်တို့သည် ပင်မဆောင်ဘက်မျက်နှာမူ၍ ရပ်လျက်နေ၏။ Garrad Bible ပြင် ခန်း တော် ကို မျက် နှာ မူ ဟန် ရပ် နေ ၏။ Judson Bible ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက်၊ မတ်တတ်နေ၍ အတောင်တို့ကိုဖြန့်သဖြင့် အတောင်နှစ်ဆယ်ကျယ်၏။ |
နောက်ခေရုဗိမ်၏တောင်ပံတစ်ဖက်သည်လည်း ငါးတောင်ရှည်ပြီး အိမ်တော်နံရံနှင့် ထိစပ်လျက်ရှိ၏။ နောက်တောင်ပံတစ်ခုမှာလည်း ငါးတောင်ရှည်ပြီး ပထမခေရုဗိမ်၏အတောင်ပံနှင့် ထိစပ်လျက်ရှိ၏။
ကန့်လန့်ကာကိုလည်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ ကြက်သွေးရောင်ချည်နှင့် ချည်ချောများဖြင့် ရက်လုပ်၏။ ထိုကန့်လန့်ကာတွင် ခေရုဗိမ်ရုပ်များကို ပုံဖော်ရက်လုပ်ထား၏။
ခေရုဗိမ်တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင်ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိရမည်။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင်ဘက်သို့ မျက်နှာမူရမည်။