ငါတို့၏ဘိုးဘေးတို့သည် သစ္စာမဲ့၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုကြပြီ။ ကိုယ်တော်ကို စွန့်ပယ်၍ ထာဝရဘုရားကိန်းဝပ်တော်မူရာအရပ်ကို မျက်နှာလွှဲပြီး ကိုယ်တော်ကိုကျောခိုင်းသွားကြပြီ။
ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
ဘိုး ဘေး တို့ သည် သ စ္စာ တော် ကို ဖောက် ကျော် သ ဖြင့်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား ကို စွန့် ခွာ၍၊ စံ ရာ တော် ကို ကျော ခိုင်း ခြင်း၊ မျက် နှာ လွှဲ ခြင်း ပြု ပြီး မှ၊
ငါတို့အဘများသည်ပြစ်မှား၍၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို အမျက်ထွက်အောင်ပြုကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ခါလဒဲဘုရင် နေဗုခဒ်နေဇာမင်းကြီးလက်သို့ အပ်လိုက်တော်မူ၏။ ထိုဘုရင်သည် ဤအိမ်တော်ကိုဖျက်ဆီး၍ လူတို့ကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့သည် အပြစ်ကြီးလှပါ၏။ အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များသည် ယခုမြင်ရသည့်အတိုင်း တစ်ပါးအမျိုးသား၏ဘုရင်တို့လက်ထဲသို့ရောက်သွားရပြီး ဓားဖြင့်သတ်ဖြတ်ခြင်း၊ သုံ့ပန်းဖြစ်ခြင်း၊ လုယက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံရကြပါ၏။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အတင့်ရဲ၍ ခေါင်းမာကြ၏။ ကိုယ်တော်၏ပညတ်တော်များကို မနာခံကြ။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ဘိုးဘေးများသည် ကိုယ်တော်၏ပညတ်တရားကိုမလိုက်နာကြ။ သူတို့သည် ကိုယ်တော်၏ပညတ်တော်များ၊ သူတို့အားကိုယ်တော်ပေးတော်မူသောသက်သေများကိုလည်း အလေးမထားကြ။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
“အကယ်စင်စစ် ငါ့လူမျိုးတော်သည် မကောင်းမှုနှစ်မျိုးကို ပြုကြပြီ။ သက်စမ်းရေတွင်းဖြစ်သည့် ငါ့ကိုစွန့်ပယ်ကြပြီ။ ရေကန်များကိုတူးကြပြီ။ ထိုရေကန်တို့သည် ကွဲအက်သဖြင့် ရေလှောင်၍မရ။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
“သင်တို့နှင့် သင်တို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများနှင့် ပြည်သူပြည်သားတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် နံ့သာပေါင်းမီးရှို့ပူဇော်ခဲ့ကြသည်ကို ထာဝရဘုရား မအောက်မေ့ဘဲနေတော်မူမည်လော။ မမှတ်ဘဲနေတော်မူမည်လော။
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
သို့သော် ထိုဖခင်၏သားသည် မိမိဖခင်ကျူးလွန်သောအပြစ်ရှိသမျှတို့ကိုမြင်၏။ သူသည် ဆင်ခြင်၍ ထိုသို့သောအမှုတို့ကိုမပြု။
တစ်ဖန် ငါ့ကို ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းသို့ ဆောင်သွားရာ လူနှစ်ဆယ့်ငါးယောက်ခန့်သည် ဆင်ဝင်နှင့် ယဇ်ပလ္လင်ကြားရှိ ထာဝရဘုရား၏ဗိမာန်တော်တံခါးဝတွင် ထာဝရဘုရား၏ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်သို့မျက်နှာမူ၍ အရှေ့အရပ်ရှိနေမင်းအား ရှိခိုးကိုးကွယ်ကြသည်ကို တွေ့ရ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။