အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
၂ ရာချုပ် 29:20 - မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီးသည် မနက်စောစောထပြီး မြို့အကြီးအကဲများကို စုဝေးစေ၍ ထာဝရဘုရား၏အိမ်တော်သို့ သွား၏။ Common Language Bible ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။- Garrad Bible ဟေ ဇ ကိ မင်း သည် နံ နက် အ ချိန် ထ၍၊ စု ဝေး စေ သော မြို့ ဝန် တို့ ပါ၊ ဗိ မာန် တော် သို့ တက် ပြီး လျှင်၊ Judson Bible ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက်သွား၏။ |
အာဗြဟံသည် နံနက်စောစောထပြီး မုန့်နှင့်သားရေဘူးကိုယူ၍ ဟာဂရ၏ပခုံးပေါ်တင်ပေး၏။ သူငယ်ကိုလည်းအပ်ပြီး လွှတ်လိုက်လေ၏။ ဟာဂရသည် ထွက်သွား၍ ဗေရရှေဘတောကန္တာရထဲ၌ လှည့်လည်သွားလာလေ၏။
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး
အာခတ်မင်းကြီးစိုးစံစဉ်က သစ္စာမဲ့၍ဖယ်ရှားပစ်ခဲ့သောအသုံးအဆောင်အားလုံးတို့ကိုလည်း အကျွန်ုပ်တို့ ပြုပြင်၍သန့်ရှင်းစေပြီး ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ထားရှိပါသည်”ဟု လျှောက်တင်ကြ၏။
သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။
ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။