အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
၂ ရာချုပ် 29:17 - မြန်မာ့စံမီသမ္မာကျမ်း ပထမလ၊ ပထမရက်တွင် သန့်ရှင်းခြင်းအမှုကို စတင်ပြုလုပ်ရာ ထိုလရှစ်ရက်မြောက်သောနေ့တွင်မှ ထာဝရဘုရားအိမ်တော်ဆင်ဝင်ထိရောက်၏။ နောက်ထပ်ရှစ်ရက်ပတ်လုံး ထာဝရဘုရား၏အိမ်တော်သန့်ရှင်းခြင်းအမှုကိုပြုပြီး ပထမလ၊ တစ်ဆယ့်ခြောက်ရက်နေ့တွင် ပြီးစီးလေ၏။ Common Language Bible သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။ Garrad Bible ပ ဌ မ လ တစ် ရက် အ စ ပြု၍၊ ရှစ် ရက် တိုင် လျှင် မုတ် ဆောင် တော် သို့ ရောက် လျက်၊ ဗိ မာန် တော် အ တွင်း၊ ဒု တိ ယ ရှစ် ရက် ဆောင် ရွက် ၍၊ ၎င်း လ ဆယ့် ခြောက် ရက် မြောက် သော်၊ ဗိ မာန် တော် လုံး ကို သန့် ရှင်း၍ ပြီး စီး ကြ ၏။ Judson Bible ပထမလတစ်ရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကိုသန့်ရှင်းစေ၍ ပထမလ တစ်ဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။ |
အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်အား ဆင်ဝင်အပါအဝင် အိမ်တော်အဆောက်အအုံ၊ ဘဏ္ဍာတိုက်များ၊ အထက်ခန်းများ၊ အတွင်းခန်းများ၊ ကရုဏာတော်ပလ္လင်အခန်း စသည်တို့၏ပုံစံများကို ပေးအပ်၏။
ထို့နောက် သူတို့သည် ဟေဇကိမင်းကြီးရှေ့သို့ အခစားဝင်၍ “အကျွန်ုပ်တို့သည် ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့်၎င်း၏အသုံးအဆောင်များအားလုံး၊ ရှေ့တော်မုန့်တင်ရာစားပွဲနှင့်၎င်း၏အသုံးအဆောင်များအားလုံးတို့ကို သန့်ရှင်းစေပါပြီ။
သူသည် နန်းတက်စ ပထမနှစ်၊ ပထမလတွင်ပင် ထာဝရဘုရား၏အိမ်တော်တံခါးတို့ကို ပြန်လည်ဖွင့်၍ ပြုပြင်၏။
အိမ်တော်ဆင်ဝင်တံခါးများကိုပိတ်ထားပြီး မီးခွက်များကိုလည်း ငြှိမ်းထားပြီ။ အမွှေးနံ့သာကိုလည်း မပူဇော်။ အစ္စရေးလူမျိုး၏ဘုရားသခင်အဖို့ သန့်ရှင်းရာဌာနတွင် မီးရှို့ရာယဇ်ကို မပူဇော်။
အိမ်တော်မျက်နှာစာရှိဆင်ဝင်၏အလျားမှာ အိမ်တော်မျက်နှာစာအကျယ်အတိုင်း အတောင်နှစ်ဆယ်၊ အမြင့်မှာ အတောင်တစ်ရာ့နှစ်ဆယ်ရှိ၏။ ဆင်ဝင်အတွင်းပိုင်းကို ရွှေစင်နှင့်မွမ်းမံထား၏။
အကြောင်းမူကား မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုပြီးသောယဇ်ပုရောဟိတ်တို့ မလုံလောက်ခြင်းနှင့် ဂျေရုဆလင်မြို့တွင် လူတို့လာရောက်စုဝေးခြင်းမရှိသေးသောကြောင့် သတ်မှတ်ထားသောအချိန်တွင် ပွဲတော်ကိုမကျင်းပနိုင်ခဲ့ချေ။