ဧလိရှဲက “မသတ်ရပါ။ သင့်ဓား၊ သင့်လေးဖြင့် တိုက်ခိုက်ဖမ်းမိသောသူကို သင်သတ်မည်လော။ သူတို့ကို အစာရေစာကျွေးမွေးပါ။ သူတို့စားသောက်ပြီးမှ သူတို့သခင်ထံ ပြန်သွားစေပါ”ဟု ပြန်ပြော၏။
၂ ရာချုပ် 28:8 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် သူတို့၏ဆွေမျိုးသားချင်းထဲမှ မိန်းမများ၊ သားသမီးများစုစုပေါင်း နှစ်သိန်းတို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြ၏။ သူတို့ထံမှ တိုက်ရာပါပစ္စည်းအများအပြားတို့ကိုလည်း သိမ်းယူပြီး ရှမာရိမြို့သို့ ယူဆောင်သွားကြ၏။ Common Language Bible ဣသရေလတပ်မတော်သည်မိမိတို့၏ဆွေ မျိုးသားချင်းဖြစ်ကြသောအမျိုးသားတို့ အနက် ယုဒအမျိုးသမီးနှင့်ကလေးနှစ်သိန်း ကိုဖမ်းဆီး၍လက်ရပစ္စည်းအမြောက်အမြား နှင့်တကွရှမာရိမြို့သို့သိမ်းသွားကြ၏။ Garrad Bible ဣ သ ရေ လ လူ မျိုး တို့ သည်၊ ကိုယ့် ဆွေ မျိုး သား ချင်း တို့ အ နက်၊ မိန်း မ နှင့် သား သ မီး ပါ၊ လူ ပေါင်း နှစ် သိန်း ကို သုံ့ ဘမ်း၍၊ လက် ရ ဥ စ္စာ များ နှင့် တ ကွ ရှ မာ ရိ မြို့ သို့ သိမ်း သွား လေ ၏။ Judson Bible ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဖော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။ |
ဧလိရှဲက “မသတ်ရပါ။ သင့်ဓား၊ သင့်လေးဖြင့် တိုက်ခိုက်ဖမ်းမိသောသူကို သင်သတ်မည်လော။ သူတို့ကို အစာရေစာကျွေးမွေးပါ။ သူတို့စားသောက်ပြီးမှ သူတို့သခင်ထံ ပြန်သွားစေပါ”ဟု ပြန်ပြော၏။
ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။
ယခု ငါပြောသောစကားကို နားထောင်ပါလော့။ သုံ့ပန်းအဖြစ် သင်တို့ဖမ်းဆီးခေါ်ဆောင်လာသော ကိုယ့်ညီအစ်ကိုချင်းတို့ကို ပြန်လွှတ်ပေးလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု ဆို၏။
ဧဖရိမ်စစ်သူရဲဇိခရိသည်လည်း ဘုရင့်သားတော်မာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်ပြီးလျှင် ရာထူးအကြီးဆုံးဧလကာနတို့ကို ကွပ်မျက်လေ၏။
မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
သင်သည် သားသမီးများ မွေးဖွားသော်လည်း သူတို့သည် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းခံရသောကြောင့် သင်နှင့်အတူနေရမည်မဟုတ်။