ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
၂ ရာချုပ် 28:24 - မြန်မာ့စံမီသမ္မာကျမ်း အာခတ်မင်းကြီးသည် ဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို စုပုံပြီး ထိုဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို ချိုးဖဲ့ဖျက်ဆီးပစ်ကာ ထာဝရဘုရား၏အိမ်တော်တံခါးများကိုလည်း ပိတ်ထား၏။ ထို့နောက် ဂျေရုဆလင်မြို့လမ်းထောင့်ရှိသမျှတို့၌ မိမိအဖို့ယဇ်ပလ္လင်များကို တည်၏။ Common Language Bible ထို့အပြင်အာခတ်သည်ဗိမာန်တော်အသုံး အဆောင်ရှိသမျှကိုယူ၍ အပိုင်းပိုင်းချိုးဖဲ့ ၏။ ဗိမာန်တော်တံခါးတို့ကိုလည်းပိတ်ထား လိုက်ပြီးလျှင် ယေရုရှလင်မြို့၌အနှံ့ အပြားယဇ်ပလ္လင်များကိုတည်လေသည်။- Garrad Bible အာ ခတ် မင်း သည်၊ ဘု ရား သ ခင် ဗိ မာန် တော် တန် ဆာ များ ကို ချွတ် ယူ စု ပုံ လျက်၊ တံ ခါး တော် များ ကို ပိတ် ထား ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ လမ်း ထောင့် ရှိ သ မျှ တွင် ယဇ် ပ လ္လင် များ ကို တည် လုပ်၍၊ Judson Bible တစ်ဖန် အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍ အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကိုလည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။ |
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
အာခတ်မင်းကြီးစိုးစံစဉ်က သစ္စာမဲ့၍ဖယ်ရှားပစ်ခဲ့သောအသုံးအဆောင်အားလုံးတို့ကိုလည်း အကျွန်ုပ်တို့ ပြုပြင်၍သန့်ရှင်းစေပြီး ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ထားရှိပါသည်”ဟု လျှောက်တင်ကြ၏။
သူသည် နန်းတက်စ ပထမနှစ်၊ ပထမလတွင်ပင် ထာဝရဘုရား၏အိမ်တော်တံခါးတို့ကို ပြန်လည်ဖွင့်၍ ပြုပြင်၏။
အိမ်တော်ဆင်ဝင်တံခါးများကိုပိတ်ထားပြီး မီးခွက်များကိုလည်း ငြှိမ်းထားပြီ။ အမွှေးနံ့သာကိုလည်း မပူဇော်။ အစ္စရေးလူမျိုး၏ဘုရားသခင်အဖို့ သန့်ရှင်းရာဌာနတွင် မီးရှို့ရာယဇ်ကို မပူဇော်။
သူတို့သည် ထ၍ဂျေရုဆလင်မြို့ရှိ ယဇ်ပလ္လင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်ရှိသမျှကို ဖြိုချပြီး ကေဒြုန်ချိုင့်ဝှမ်းထဲသို့ ပစ်ချကြ၏။
သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
ဂိလဒ်ပြည်သားတို့သည် အပြစ်ဒုစရိုက်ပြု၍ အကျိုးနည်းကြပြီ။ ဂိလဂါလမြို့၌ နွားကို ပူဇော်ကြ၏။ သူတို့၏ယဇ်ပလ္လင်တို့သည်လည်း လယ်ထဲမှ ထွန်ကြောင်းများပေါ်ရှိမြေစာပုံများကဲ့သို့ များ၏။
ပေါလုသည် အေသင်မြို့၌ သူတို့ကိုစောင့်နေစဉ် ထိုမြို့သည် ရုပ်တုများနှင့်ပြည့်နေသည်ကိုမြင်၍ မိမိစိတ်တွင် မခံမရပ်နိုင်ဖြစ်ရလေ၏။
သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။