အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 28:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ဧဒုံ​အမျိုးသား​တို့​သည် နောက်တစ်ဖန် ချီလာ​၍ ယုဒ​ပြည်​ကို​တိုက်ခိုက်​ပြီး သုံ့ပန်း​များ​ကို​ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​လူ​တို့​သည် လာ​ပြန်​သ​ဖြင့်၊ ယု​ဒ​ပြည်​ကို လုပ်​ကြံ၍၊ လူ​များ​ကို ဖမ်း​ဆီး​သိမ်း​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 28:17
9 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော​ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်း​မှာ​ပင် လိဗန​ပြည်​လည်း ယုဒ​ပြည်​ကို ပုန်ကန်​၏​။


ယဟောရံ​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် ယုဒ​ပြည်​ကို​ပုန်ကန်​၍ သူ​တို့​ကို အုပ်စိုး​ရန် ဘုရင်​တစ်ပါး​ကို တင်မြှောက်​လိုက်​ကြ​၏​။


ဤသို့သော​အမှု​ကြောင့်​လည်း ငါ​တို့​၏​ဘိုးဘေး​တို့​သည် ဓား​ဖြင့်​ကျရှုံး​ရ​ပြီး ငါ​တို့​၏​သား​သမီး​များ​၊ မယား​များ​သည်​လည်း သုံ့ပန်းဘဝ​ရောက်သွား​ကြ​ရ​ပြီ​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဧဒုံ​လူမျိုး​သည် ယုဒ​အမျိုး​ကို ရက်ရက်စက်စက်​လက်တုံ့ပြန်​ခဲ့​၏​။ ထိုသို့​လက်တုံ့ပြန်​ခြင်း​ဖြင့် ကြီးလေး​သော​အပြစ်​ကို ပြု​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ထိုသို့​ဖြစ်​သည့်​တိုင်အောင် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​လျှင် ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​အား အပြစ်ဒဏ်​ခုနစ်ဆ ထပ်၍​ပေး​မည်​။


တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။


သင့်​ညီ​ယာကုပ်​ကို ရက်စက်​ခဲ့​သော​အမှု​ကြောင့် သင်​သည် အရှက်​ကို ခြုံ​ရ​လိမ့်မည်​။ ထာဝရ​တိမ်မြုပ်​သွား​ရ​လိမ့်မည်​။