ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊
၂ ရာချုပ် 27:6 - မြန်မာ့စံမီသမ္မာကျမ်း ယောသံမင်းကြီးသည် မိမိ၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းသောကြောင့် အင်အားကြီးမားလာ၏။ Common Language Bible ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။- Garrad Bible ထို သို့ ယော သံ မင်း သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ လေ့ အ ကျင့် တည် ကြည် သော ကြောင့်၊ ခွန် အား ဗ လ တိုး တက် သ တည်း။ Judson Bible ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။ |
ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊
အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးစံနောက်သို့လည်းမလိုက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ကိုသာ ရှာဖွေခဲ့၏။ ထာဝရဘုရား၏ပညတ်တော်အတိုင်း လိုက်လျှောက်၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။
သူသည် အမ္မုန်ဘုရင်နှင့်စစ်တိုက်ရာတွင် အောင်နိုင်သောကြောင့် ထိုနှစ်တွင် အမ္မုန်အမျိုးသားတို့သည် သူ့အား ငွေတာလန်တစ်ရာ၊ ဂျုံဆန်ကောရတစ်သောင်း၊ မုယောဆန်ကောရတစ်သောင်း ဆက်ကြေးပေးရ၏။ ဒုတိယနှစ်၊ တတိယနှစ်တို့တွင်လည်း အမ္မုန်အမျိုးသားတို့သည် သူ့အား ထိုသို့ပေးရ၏။