ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။
၂ ရာချုပ် 26:6 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။ Common Language Bible သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။- Garrad Bible ဖိ လိ တ္တိ လူ မျိုး တို့ ကို ချီ တက် တိုက် ခိုက် ၍၊ ဂါ သ၊ ယာ ဗ နေ၊ အာ ဇုတ် မြို့ ရိုး များ ကို ဖြို ဖျက် ပြီး မှ၊ ဖိ လိ တ္တိ လူ မျိုး တို့ နေ ရာ အာ ဇုတ် နယ် တွင် မြို့ ရွာ များ ကို တည် ထောင် လေ ၏။ Judson Bible ထိုမင်းသည် စစ်ချီ၍ ဖိလိတ္တိလူတို့ကို တိုက်သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိပြည်အရပ်ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ ဂါသမြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလိုက်၏။
အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန်သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊
အာဇုတ်မြို့သားများနှင့် အာရှကေလုန်မြို့မှ ရာဇလှံတံစွဲကိုင်သူကို ဖယ်ရှားပစ်မည်။ ကြွင်းကျန်ရစ်သောဖိလိတ္တိလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဧကြုန်မြို့ကို ငါကိုယ်တိုင် ဖျက်ဆီးပစ်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
တစ်ဖန် နယ်နိမိတ်သည် ဧကြုန်မြောက်ဘက်တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရှိကြုန်အရပ်သို့ကွေ့သွားပြီး ဗာလာတောင်ကိုဖြတ်၍ ယာဗနေလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ပင်လယ်၌ဆုံးလေ၏။
အာဇုတ်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အီဂျစ်ချောင်းနှင့် မြေထဲပင်လယ်ကမ်းရိုးတန်းတိုင်အောင် ဂါဇမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများပါ၏။
ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။
ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။