ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၂ ရာချုပ် 25:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစ္စရေးဘုရင်ယောရှမင်းကြီးသည် စစ်ချီလာ၍ ယုဒဘုရင်အာမဇိမင်းကြီးနှင့် ယုဒပြည်၊ ဗက်ရှေမက်မြို့တွင် ရင်ဆိုင်တိုက်ခိုက်လေ၏။ Common Language Bible ထိုကြောင့်ဣသရေလဘုရင်ယဟောရှ သည် ယုဒဘုရင်အာမဇိနှင့်စစ်ပြိုင်တိုက် ခိုက်လေသည်။ ယုဒပြည်ဗက်ရှေမက်မြို့ တွင်တိုက်ပွဲဖြစ်ရာ၊- Garrad Bible အာ မ ဇိ မင်း မ နာ မ ယူ သော ကြောင့်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင်း စစ် ချီ ၍၊ ယု ဒ ပြည်၊ ဗက် ရှေ မက် မြို့ အ နီး၊ မင်း နှစ် ပါး မျက် နှာ ချင်း ဆိုင် ကြ သော အ ခါ၊ Judson Bible ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊ |
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများ၊ ယုဒဘုရင်အာမဇိမင်းကြီးနှင့် စစ်တိုက်ရာတွင် အစွမ်းသတ္တိကြီးမားခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သို့သော် အာမဇိမင်းကြီးသည် နားမထောင်ပေ။ သူသည် ဧဒုံဘုရားများကို ကိုးကွယ်သောကြောင့် ဘုရားသခင်သည် သူ့ကိုရန်သူလက်သို့အပ်ရန် စီရင်တော်မူပြီ။
ယုဒလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သဖြင့် ကိုယ့်တဲများသို့ အသီးသီးပြန်ပြေးကြကုန်၏။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
အဣနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယုတ္တမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗက်ရှေမက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် မြို့ကိုးမြို့ကို အမျိုးအနွယ်နှစ်နွယ်ရသောအမွေမြေမှ ခွဲဝေပေးခြင်းဖြစ်၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။