အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 25:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ သူ​သည် ဧဒုံ​ဘုရား​များ​ကို ကိုးကွယ်​သောကြောင့် ဘုရားသခင်​သည် သူ့​ကို​ရန်သူ​လက်​သို့​အပ်​ရန် စီရင်​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင်၊ ဧ ဒုံ ဘု ရား များ ကို လိုက် ရှာ သည့် အ တွက်၊ ရန် သူ တို့ လက် တွင်း သို့ အပ် နှင်း ရန် ဘု ရား သ ခင် ပြ ဋ္ဌာန်း တော် မူ သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ အ​ကြောင်း​မူ​ကား၊ ဧ​ဒုံ​ပြည်​ဘု​ရား​တို့​ကို ဆည်း​ကပ်​သော​ကြောင့်၊ ရန်​သူ​လက်​သို့ အပ်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 25:20
10 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ထာဝရဘုရား ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။


ဤသို့ဖြင့် ရှင်ဘုရင်​သည် လူ​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။ အကြောင်းမှာ ရှိလော​မြို့သား​အဟိယ​မှတစ်ဆင့် နေဗတ်​၏​သား​ယေရောဗောင်​အား ထာဝရဘုရား​မိန့်မှာ​ထား​သော​စကား​များ အမှန်​ဖြစ်လာ​ရန် ဘုရားသခင် ဤသို့​ဖြစ်ပျက်​စေ​ခြင်း​ဖြစ်​၏​။


ယောရံ​မင်းကြီး​ထံ အာခဇိ​မင်းကြီး သွားရောက်​ကြည့်ရှု​ခြင်း​သည် အာခဇိ​မင်းကြီး​ပျက်စီး​မည့်​အကြောင်း ဘုရားသခင် စီရင်​ထား​ခြင်း​ဖြစ်​၏​။ သူ​ရောက်သွား​သောအခါ သူ​သည် ယဟောရံ​မင်းကြီး​နှင့်အတူ စစ်ချီသွား​၍ အာဟပ်​မင်းမျိုးမင်းနွယ်​ကို သုတ်သင်ပယ်ရှင်း​ရန် ထာဝရဘုရား ဘိသိက်ပေး​ထား​သူ နိမ်ရှိ​၏​မြေး​ယေဟု​ကို တိုက်ခိုက်​၏​။


ထိုသို့ ပရောဖက်​ပြောဆို​နေ​သည်​ကို အာမဇိ​မင်းကြီး​က “​သင့်​ကို ရှင်ဘုရင်​၏​အတိုင်ပင်ခံ​အဖြစ် ခန့်ထား​သလော​။ တိတ်တိတ်နေ​လော့​။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်​ခံရ​အောင်​လုပ်​သနည်း​”​ဟု ပြန်ပြော​ရာ ပရောဖက်​က “​ငါ​ပေး​သော​အကြံ​ကို သင်​နား​မ​ထောင်​၊ ဤ​အမှု​ကို သင်​ပြု​သောကြောင့် ဘုရားသခင်​သည် သင့်​ကို​ဖျက်ဆီး​ပစ်​ရန် ကြံရွယ်​ထား​သည်​ကို ငါ​သိ​၏​”​ဟု ဆို​လေ​၏​။


သင်​သည် ဧဒုံ​ပြည်​ကို တိုက်ခိုက်ချေမှုန်း​နိုင်​ခဲ့​သဖြင့် ဘဝင်မြင့်​လှ​၏​။ ကိုယ့်​နန်းတော်​၌​သာ ကိုယ်​စံမြန်း​ပါ​လော့​။ အဘယ်ကြောင့် ပြဿနာ​ရှာ​ပြီး ယုဒ​ပြည်​ကို သင်​နှင့်အတူ ကျရှုံး​စေ​လို​သနည်း​”​ဟု ပြန်လည်​ပြောကြား​လိုက်​၏​။


ထို့ကြောင့် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​သည် စစ်ချီ​လာ​၍ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်​တိုက်ခိုက်​လေ​၏​။


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။