ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
၂ ရာချုပ် 25:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယုဒဘုရင် အာမဇိမင်းကြီးသည် စည်းဝေးတိုင်ပင်ပြီးမှ ယေဟုမင်းကြီး၏မြေးတော်၊ ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “လာပါ။ ငါတို့ ရင်ဆိုင်တိုက်ခိုက်ကြစို့”ဟု ပြောကြားစေ၏။ Common Language Bible ယုဒဘုရင်အာမဇိသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ပြီးနောက် ယေဟု၏မြေး၊ ယောခတ်၏သားယဟောရှ ထံသို့သံတမန်စေလွှတ်၍ မိမိနှင့်စစ်ပြိုင် ရန်စိန်ခေါ်လိုက်လေသည်။- Garrad Bible ထို နောက်၊ ယု ဒ ဘု ရင် အာ မ ဇိ မင်း သည် တိုင် ပင် လျက်၊ ယေ ဟု မင်း မြေး တော်၊ ယော ခတ် မင်း သား တော်၊ ဣသ ရေ လ ဘု ရင် ယ ဟော ရှ မင်း ထံ စေ လွှတ်၍၊ ကျွန်ုပ် တို့ သည် မျက် နှာ ချင်း ဆိုင် ကြ ကုန် အံ့ ဟု၊ အ မှာ တော် သ လိုက် သော်၊ Judson Bible ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင် ယေဟုသားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊ |
ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
ပွဲတော်ရက်များပြီးဆုံး၍ သူတို့ပြန်ကြသောအခါ သူငယ်ယေရှုသည် ဂျေရုဆလင်မြို့၌နေရစ်လေ၏။ မိဘတို့သည် မသိကြဘဲ
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်