ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
၂ ရာချုပ် 25:13 - မြန်မာ့စံမီသမ္မာကျမ်း စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။ Common Language Bible ဤအတောအတွင်း၌မိမိနှင့်အတူစစ်ပွဲ ဝင်ရန် အာမဇိအခွင့်မပြုခဲ့သည့်ဣသရေလ တပ်သားတို့သည် ရှမာရိမြို့နှင့်ဗေသောရုန် မြို့စပ်ကြားတွင်ရှိသောယုဒမြို့များကို တိုက်ခိုက်ကာ လူသုံးထောင်ကိုသတ်၍ပစ္စည်း အမြောက်အမြားကိုသိမ်းသွားကြလေ သည်။ Garrad Bible စစ် ကူ ခွင့် မ ပေး ဘဲ အာ မ ဇိ မင်း ပြန် လွှတ် သော အ လုံး အ ရင်း မူ ကား၊ ရှ မာ ရိ နယ် စပ် မှ ဗေ သော ရုန် မြို့ တိုင် အောင်၊ ယု ဒ မြို့ ရွာ တစ် လျှောက် အ နု ကြမ်း စီး လျက်၊ လူ သုံး ထောင် ကို သတ် ၍ ဥ စ္စာ များ စွာ လက် ရ သိမ်း သွား ကြ ၏။ Judson Bible ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။ |
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ဩမရိမင်းကြီး၏သားတော်အာဟပ် နန်းတက်၏။ ဩမရိမင်းကြီး၏သားတော်အာဟပ်သည် ရှမာရိမြို့တွင် အစ္စရေးလူမျိုးတို့ကို နှစ်ဆယ့်နှစ်နှစ် အုပ်စိုး၏။
ရှောလမုန်မင်းကြီးသည် ဂေဇာမြို့အပါအဝင် အောက်ဗေသောရုန်မြို့ကိုလည်း ပြန်လည်တည်ဆောက်၏။
ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းမိရာ သူတို့ကို ကျောက်ဆောင်ထိပ်သို့ခေါ်သွားပြီး တွန်းချလိုက်သဖြင့် သူတို့အားလုံး သေကျေပျက်စီးကြကုန်၏။
အာမဇိမင်းကြီးသည် ဧဒုံလူမျိုးတို့ကို ချေမှုန်းရာမှပြန်လာပြီးနောက် စိရပြည်သားတို့၏ဘုရားများကို ယူလာပြီး မိမိအဖို့ဘုရားအဖြစ် တည်ထား၏။ ထိုဘုရားများကို ကိုးကွယ်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။
မြို့ရိုးများ၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များပါရှိသည့် ခံတပ်မြို့ဖြစ်သော အထက်ဗေသောရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကိုလည်း ပြန်လည်တည်ဆောက်၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။