Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 25:13 - Common Language Bible

13 ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 စစ် ကူ ခွင့် မ ပေး ဘဲ အာ မ ဇိ မင်း ပြန် လွှတ် သော အ လုံး အ ရင်း မူ ကား၊ ရှ မာ ရိ နယ် စပ် မှ ဗေ သော ရုန် မြို့ တိုင် အောင်၊ ယု ဒ မြို့ ရွာ တစ် လျှောက် အ နု ကြမ်း စီး လျက်၊ လူ သုံး ထောင် ကို သတ် ၍ ဥ စ္စာ များ စွာ လက် ရ သိမ်း သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဝိုင်း၍​တိုက်​ရ​သော​အ​ခွင့်​ကို အာ​မ​ဇိ​မ​ပေး၊ လွှတ်​လိုက်​သော စစ်​သူ​ရဲ​တို့​မူ​ကား၊ ရှ​မာ​ရိ​မြို့​မှ​စ၍ ဗေ​သော​ရုန်​မြို့​တိုင်​အောင်၊ ယု​ဒ​မြို့​တို့​ကို တိုက်​သ​ဖြင့်၊ လူ​သုံး​ထောင်​ကို​သတ်၍၊ လက်​ရ​ဥ​စ္စာ​အ​များ​ကို သိမ်း​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 စစ်ကူတိုက်​ခွင့်​မ​ပေး​ဘဲ အာမဇိ​မင်းကြီး ပြန်လွှတ်​လိုက်​သော​စစ်သူရဲ​တို့​သည် ရှမာရိ​မြို့​မှ ဗေသောရုန်​မြို့​တိုင်အောင် ယုဒ​မြို့ရွာ​များ​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး လူ​သုံး​ထောင်​ကို​သတ်​ကာ တိုက်ရာပါပစ္စည်း​များစွာ​ကို​လည်း သိမ်းယူ​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 25:13
7 ပူးပေါင်းရင်းမြစ်များ  

ရှ​မာ​ရိ​တောင်​ကို​ရှ​မေ​ရ​ဆို​သူ​ထံ​မှ​ငွေ သား​ခြောက်​ထောင်​နှင့်​ဝယ်​ယူ​တော်​မူ​၏။ သြ​မ​ရိ သည်​ထို​တောင်​ကို​တံ​တိုင်း​ကာ​ရံ​ကာ​မြို့​တည် ပြီး​မှ တောင်​ပိုင်​ရှင်​ဟောင်း​ရှ​မေ​ရ​၏​နာ​မည် ကို​အ​စွဲ​ပြု​၍​ရှ​မာ​ရိ​မြို့​ဟု​သ​မုတ်​တော် မူ​၏။


ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​သုံး​ဆယ့်​ရှစ်​နှစ် မြောက်​၌ သြ​မ​ရိ​၏​သား​တော်​အာ​ဟပ်​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​ပြီး​လျှင် ရှ​မာ​ရိ မြို့​တွင်​နှစ်​ဆယ့်​နှစ်​နှစ်​နန်း​စံ​လေ​သည်။-


သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​ဂေ​ဇာ​မြို့​ကို​ပြန် လည်​တည်​ဆောက်​တော်​မူ​ခြင်း​ဖြစ်​၏။) ရှော လ​မုန်​သည်​အောက်​ဗေ​သော​ရုန်​မြို့၊-


ယု​ဒ​တပ်​မ​တော်​သည်​သုံ့​ပန်း​တစ်​သောင်း​ကို ဖမ်း​ဆီး​ရ​မိ​သ​ဖြင့် သူ​တို့​အား​သေ​လ​မြို့ ကျောက်​တောင်​ထိပ်​သို့​ခေါ်​ဆောင်​ကာ​ကျောက် ပေါ်​ကျ​၍​သေ​စေ​ရန်​အောက်​သို့​တွန်း​ချ ကြ​၏။


အာ​မ​ဇိ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ် နင်း​ရာ​မှ​ပြန်​လာ​သော​အ​ခါ ထို​သူ​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​မိ​မိ​နှင့် အ​တူ​ယူ​ဆောင်​လာ​လေ​သည်။ မင်း​ကြီး သည်​ယင်း​တို့​ကို​တည်​ထား​ကိုး​ကွယ်​ကာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​တော်​မူ​၏။-


ရှော​လ​မုန်​သည်​အောက်​ပါ​မြို့​များ​ကို​ပြန်​လည် တည်​ဆောက်​တော်​မူ​၏။ (တံ​ခါး​ကန့်​လန့်​ကျင် များ​နှင့်​တ​ကွ​တံ​တိုင်း​ကာ​ရံ​ထား​သော) အ​ထက်​ဗေသော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊-


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဖ​ရို ဖ​ရဲ​ထွက်​ပြေး​စေ​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ဂိ​ဗောင်​မြို့ တွင်​ရန်​သူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ် ၍ ဗေ​သော​ရုံ​တောင်​ကြား​ကို​လွန်​လျက်​တောင် ဘက်​အ​ဇေ​ကာ​မြို့​နှင့်​မက္က​ဒါ​မြို့​များ​သို့ တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ