သူ့ကို လုပ်ကြံသောသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားဇာဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်၏သားယဟောဇဗဒ် တို့ဖြစ်ကြ၏။
(သူ့အားလျှို့ဝှက်လုပ်ကြံကြသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားယောဇဗဒ် နှင့်မောဘအမျိုးသမီးရှိမရိတ်၏သား ယဟောဇဗဒ်တို့ဖြစ်သတည်း။-)
လုပ် ကြံ သူ တို့ ကား၊ အ မ္မုန် အ မျိုး သ မီး ရှိ မတ် သား ဇာ ဗဒ်၊ မော ဘ အ မျိုး သ မီး ရှိ မ ရိတ် သား ယော ဇ ဗက် တို့ တည်း။
လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီး ရှိမရိတ်သား ယဟောဇဗဒ်တည်း။
သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
သူ့သားတော်များအကြောင်း၊ သူနှင့်ပတ်သက်သောဗျာဒိတ်တော်များအကြောင်း၊ ဘုရားသခင်၏အိမ်တော်ကိုပြုပြင်ခဲ့ပုံအကြောင်းများကို ရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူသည် မိမိလက်ထက် နိုင်ငံတော်တည်မြဲလာသည့်အခါ ရှင်ဘုရင်ဖြစ်သောမိမိခမည်းတော်ကို လုပ်ကြံခဲ့သော မင်းမှုထမ်းတို့အား ကွပ်မျက်ပစ်လိုက်လေ၏။