အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 24:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အိမ်​တော်​ပြုပြင်​ခြင်း​အမှု​ပြီးစီး​သောအခါ ကျန်ရှိ​သော​ငွေ​ကို ရှင်ဘုရင်​နှင့် ယောယဒ​ထံ ယူဆောင်​လာ​ကြ​၏​။ ထို​ငွေ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ အမှု​တော်​နှင့် မီးရှို့ရာယဇ်​ပူဇော်​ခြင်း​အတွက် လိုအပ်​သော​အသုံးအဆောင်​များ​၊ ခွက်​များ​၊ ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ပြုလုပ်​၏​။ ယောယဒ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် မီးရှို့ရာယဇ်​ကို အစဉ်​ပူဇော်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ ခါ၊ ကျန် ငွေ ကို ဘု ရင် မင်း နှင့် ယော ယ ဒ တို့ ထံ ဆက် သွင်း ရာ၊ ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပူ ဇော် ရန် ကိ ရိ ယာ တန် ဆာ၊ ခွက်၊ ရွှေ ငွေ အ သုံး အ ဆောင် တော် များ ကို လုပ် စေ ပြီး လျှင်၊ ယော ယ ဒ အ သက် ကာ လ ပတ် လုံး၊ ဗိ မာန် တော် တွင် မီး ရှို့ ရာ သ က္ကာ များ ကို နေ့ စဉ် ပူ ဇော် လေ့ ရှိ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လက်​စ​သတ်​သော​အ​ခါ၊ ကျန်​ကြွင်း​သော​ငွေ​ကို ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​ထံ​သို့​ယူ​ခဲ့၍၊ ထို​ငွေ​နှင့် ဗိ​မာန်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ပူ​ဇော်​ရန် တန်​ဆာ၊ ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ဇွန်း​များ​ကို​လုပ်​ကြ၏။ ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဗိ​မာန်​တော်၌ မီး​ရှို့​ရာ​ယဇ်​ကို အ​စဉ်​ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 24:14
13 ပူးပေါင်းရင်းမြစ်များ  

ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။


သို့သော် ကိုယ်ရံတော်မှူး​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်လုပ်​စေ​၏​။


ကိုယ်ရံတော်မှူး​သည် ရွှေစင်​၊ ငွေစင်​ဖြင့်​လုပ်​ထား​သော မီးကျီးခံဗန်း​များ​၊ ဇလုံ​များ​ကို​လည်း သိမ်းယူ​သွား​လေ​၏​။


ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် ထာဝရဘုရား​ထံ ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​အားလုံး​ကို စီရင်ထုံးဖွဲ့​ထား​သော​အရေအတွက်​နှင့်အညီ ထာဝရဘုရား​ရှေ့​တော်​၌ ပုံမှန်​ပူဇော်​ရ​၏​။


ထို့ပြင် ရှောလမုန်​မင်းကြီး​သည် တိုင်ရာ​ဘုရင်​ဟုရံ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​၏​ခမည်းတော် ဒါဝိဒ်​မင်းကြီး​အား သူ​စံမြန်း​ရာ​နန်းတော်​ကို​ဆောက်လုပ်​ရန်​အတွက် သစ်ကတိုးသား​များ​ကို အရှင်မင်းကြီး​ပို့ပေး​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​ထံသို့​လည်း ပို့ပေး​ပါ​လော့​။


အလုပ်လုပ်​သော​သူ​တို့​သည် အလုပ်​ကို​ကြိုးစား​၍​လုပ်ဆောင်​ကြ​၏​။ သူ​တို့​လုပ်ဆောင်​သော​အိမ်​တော်​ပြုပြင်​ခြင်း​အမှု​သည်​လည်း အထမြောက်​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ယခင်​ပုံစံ​အတိုင်း ခိုင်ခံ့​အောင်​ပြုပြင်​ကြ​၏​။


ယောယဒ​သည် အသက်ကြီး​၍​သက်တမ်းစေ့​သောအခါ ကွယ်လွန်​သွား​၏​။ ကွယ်လွန်​ချိန်​တွင် အသက်​တစ်ရာ့​သုံးဆယ် ရှိ​၏​။


ထို့နောက် ဟေဇကိ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​ကို အဖွဲ့လိုက်​တာဝန်ခွဲပေး​၏​။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​များ​ကို အဖွဲ့လိုက်​အလှည့်ကျ​ထမ်းဆောင်​ကြ​ရ​၏​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​ကို ပူဇော်​ရ​၏​။ ထာဝရဘုရား​စံ​တော်မူ​ရာ​ဌာန​တော်​၏​တံခါး​များ​၌​ရပ်​၍ အမှု​တော်​ထမ်းဆောင်​လျက် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ ဂုဏ်တော်​ချီးမွမ်းသီဆို​ခြင်း​ကို ပြု​ရ​၏​။


“​လူ​တို့​ယူဆောင်​လာ​သော​အလှူပစ္စည်း​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အလုပ်​ကို​လုပ်ဆောင်​ရန်​အတွက် လိုအပ်​သည်​ထက် ပို​နေ​ပါ​သည်​”​ဟု ပြောကြား​ကြ​၏​။


ဆိုးမိုက်​သော​သူ​ကို ဂျုံစေ့​နှင့်အတူ ဆုံ​ထဲ​ထည့်​၍ ကျည်ပွေ့​နှင့်​ထောင်း​သော်လည်း သူ​၏​မိုက်မဲမှု​သည် သူ့​ထံမှ​ဖယ်ခွာ​လိမ့်မည်​မ​ဟုတ်​။