နောက်တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။ နောက်တစ်စုသည် အုတ်မြစ်ချရာတံခါးကို စောင့်ကြပ်ရမည်။ လူအားလုံး ထာဝရဘုရား၏အိမ်တော်ဝင်းထဲ၌ ရှိနေရမည်။
၂ ရာချုပ် 23:6 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်များနှင့် အိမ်တော်အမှုထမ်းများဖြစ်သောလေဝိအမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ ထာဝရဘုရား၏အိမ်တော်ထဲသို့ မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသူများဖြစ်သောကြောင့် ဝင်ခွင့်ရှိ၏။ လူအားလုံး ထာဝရဘုရား၏ညွှန်ကြားချက်ကို လိုက်နာရမည်။ Common Language Bible တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။- Garrad Bible သီး သန့် သူ ဖြစ် သော ပ ရော ဟိတ် များ နှင့်၊ အ မှု တော် ဆောင် လေ ဝိ ဂိုဏ်း သား တို့ မှ တစ် ပါး၊ မည် သူ မျှ ဗိ မာန် တော် ထဲ သို့ မ ဝင် စေ နှင့်။ အ ခြား သူ အ ပေါင်း တို့ ကား၊ ဘု ရား ဝတ် တော် ကို ဆောင် ရွက် နေ ကြ ရ မည်။ Judson Bible ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတစ်ပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသောကြောင့် ဝင်ရကြမည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရားဘက်၌ စောင့်နေရကြမည်။ |
နောက်တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။ နောက်တစ်စုသည် အုတ်မြစ်ချရာတံခါးကို စောင့်ကြပ်ရမည်။ လူအားလုံး ထာဝရဘုရား၏အိမ်တော်ဝင်းထဲ၌ ရှိနေရမည်။
လေဝိအမျိုးတစ်ဦးချင်းစီသည် လက်နက်ကိုကိုင်ဆောင်ထားပြီး ရှင်ဘုရင်ကို ဝိုင်းရံထားရမည်။ အိမ်တော်သို့ ဝင်လာသူတိုင်းကို သုတ်သင်ပစ်ရမည်။ ရှင်ဘုရင်သွားလာလေရာရာသို့ သင်တို့လိုက်ပါစောင့်ရှောက်ရမည်”ဟု မှာကြားလေ၏။