တစ်စုံတစ်ရာကြောင့် ညစ်ညူးသောသူတို့ မဝင်ရောက်နိုင်စေရန် ထာဝရဘုရား၏အိမ်တော်တံခါးများတွင် တံခါးစောင့်များကို ချထား၏။
ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
လုံး လုံး မ သန့် ရှင်း သူ တစ် ဦး တစ် ယောက် မျှ၊ ဗိ မာန် တော် တွင်း သို့ မ ဝင် စေ ခြင်း ငှာ၊ တံ ခါး စောင့် တို့ ကို လည်း ခန့် ထား ပြီး လျှင်၊
မသန့်ရှင်းသောလက္ခဏာ တစ်စုံတစ်ခုရှိသောသူကို မဝင်စေခြင်းငှာ၊ ဗိမာန်တော် တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။
သူတို့သွား၍ မြို့တံခါးစောင့်တို့အား အော်ခေါ်လျက် “ငါတို့သည် ဆီးရီးယားတပ်စခန်းသို့ ရောက်ခဲ့ပြီ။ တပ်စခန်းတွင် လူအရိပ်အယောင်မတွေ့၊ လူသံလည်း မကြားရ။ မြင်းများ၊ မြည်းများကို ချည်ထား၍ တဲများလည်း ဤအတိုင်း ရှိနေသည်ကို တွေ့ခဲ့ရပါ၏”ဟု သူတို့အား ပြောပြကြ၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။