ယေဟုသည် အာဟပ်မင်းမျိုးမင်းနွယ်ကို ကွပ်မျက်စီရင်သောအခါ ယုဒအကြီးအကဲများနှင့် အာခဇိမင်းကြီးကိုခစားသော အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းတို့ကို တွေ့သဖြင့် သူတို့ကိုပါ ကွပ်မျက်လေ၏။
ယေဟုသည်အာဟပ်မင်းရိုးအပေါ်တွင် ထာဝရဘုရားချမှတ်တော်မူသောစီရင် ချက်ကိုလိုက်နာဆောင်ရွက်လျက်နေစဉ် အာခဇိနှင့်အတူလိုက်ပါလာကြသည့် ယုဒအမျိုးသားခေါင်းဆောင်များနှင့် အာခဇိ၏တူတော်တို့ကိုတွေ့မြင်လေ ၏။-
အာ ဟပ် မင်း မျိုး ကို ပြစ် ဒဏ် အ တိုင်း ယေ ဟု စီ ရင် သော အ ရေး အ တွင်း၊ အာ ခ ဇိ မင်း ထံ ခ စား သော ယု ဒ မှူး တော် မတ် တော် တို့ နှင့်၊ တူ တော် တို့ ကို တွေ့ ဆုံ၍ ကွပ် မျက် ပြီး လျှင်၊
ယေဟုသည် အာဟပ်အမျိုးကို တရားစီရင်သောအခါ၊ ယုဒမှူးမတ်တို့ကိုလည်းကောင်း၊ အာခဇိမင်း၌ ခစားသော နောင်တော်၏သားတို့ကိုလည်းကောင်း၊ တွေ့၍သတ်လေ၏။
ယုဒလူမျိုးတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ဆီးရီးယားစစ်သည်တို့သည် လူအနည်းငယ်နှင့်သာချီလာသော်လည်း ထာဝရဘုရားသည် ယုဒစစ်သည်အမြောက်အမြားကို သူတို့လက်သို့ အပ်လိုက်လေ၏။ ထို့ကြောင့် သူတို့သည် ယောရှမင်းကြီးကို ဒဏ်ခတ်စီရင်ကြလေ၏။