ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
၂ ရာချုပ် 20:30 - မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။ Common Language Bible သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။ Garrad Bible ပတ် ဝန်း ကျင် အ ရပ် ရပ်၌၊ ယော ရှ ဖတ် မင်း၏ ဘု ရား သ ခင် ငြိမ်း ချမ်း ခွင့် ပေး တော် မူ သော ကြောင့်၊ ပြည် ထဲ ရေး သာ ယာ လေ ၏။ Judson Bible ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။ |
ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
ထိုသို့ ကျိန်ဆိုရခြင်းအတွက် ယုဒလူမျိုးအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆိုပြီး ထာဝရဘုရားကို စိတ်လိုလက်ရရှာသောကြောင့် သူတို့ကို အတွေ့ခံတော်မူ၏။ ထာဝရဘုရားသည်လည်း အရပ်ရပ်၌ ငြိမ်းချမ်းခြင်း ရှိစေတော်မူ၏။
သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
သင်အိပ်သောအခါ ကြောက်ရွံ့ခြင်းမရှိရ။ သင်အိပ်သောအခါ နှစ်ခြိုက်စွာအိပ်စက်ရလိမ့်မည်။
ငါသည် ထိုပြည်၌ ငြိမ်းချမ်းမှုရှိစေသဖြင့် သင်တို့အိပ်သောအခါ မည်သူမျှ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်လိမ့်မည်မဟုတ်။ ငါသည် ဘေးအန္တရာယ်ပေးတတ်သော တောရိုင်းတိရစ္ဆာန်တို့ကို ထိုပြည်ထဲမှ ဖယ်ရှားမည်။ သင်တို့ပြည်သည် ဓားဘေးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်။
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။