ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
၂ ရာချုပ် 20:29 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့၏ရန်သူတို့အား ထာဝရဘုရားတိုက်ခိုက်သည့်အကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအပေါင်းတို့ ကြားသိကြလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြလေ၏။ Common Language Bible ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။- Garrad Bible ဣ သ ရေ လ လူ မျိုး၏ ရန် သူ တို့ ကို၊ ထာ ဝ ရ ဘု ရား တိုက် ဖျက် တော် မူ သည် ဟု၊ တိုင်း နိုင် ငံ တ ကာ တို့ ကြား သိ လျှင်၊ ဘု ရား သ ခင် ထံ မှ ထိတ် လန့် ခြင်း သင့် ရောက် သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည်ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။ |
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
အာသမင်းကြီးနှင့်သူ၏စစ်သည်တို့သည် သူတို့ကို ဂေရာမြို့အထိလိုက်လံတိုက်ခိုက်ကြ၏။ အီသီယိုးပီးယားလူမျိုးတို့သည် ထာဝရဘုရားနှင့် စစ်သည်တော်တို့ရှေ့တွင်မခံမရပ်နိုင်တော့ဘဲ ရှုံးနိမ့်သွားကြ၏။ ယုဒလူမျိုးတို့သည်လည်း တိုက်ရာပါပစ္စည်းအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့၏။
ဂေရာမြို့နှင့် အနီးဝန်းကျင်ရှိမြို့များမှ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ယုဒလူမျိုးတို့သည် ထိုမြို့အားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။ မြို့အားလုံးတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့၍ တိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့၏။
ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
သူတို့သည် စောင်းပြားများ၊ စောင်းကောက်များ၊ တံပိုးခရာများ တီးမှုတ်ကြလျက် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားကြလေ၏။
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။