အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 20:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယု ဒ ပြည် သား အ ပေါင်း တို့ လည်း၊ သား မ ယား တို့ နှင့် တ ကွ၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ရပ် နေ ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 20:13
8 ပူးပေါင်းရင်းမြစ်များ  

အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


ထိုအခါ လူထု​ထဲ​တွင်​ရှိ​နေ​သော လေဝိ​အမျိုး​ဖြစ်​သော အာသပ်​သားမြေး​မတ္တနိ​၏​တီ​၊ ယေယေလ​၏​မြစ်​၊ ဗေနာယ​၏​မြေး​၊ ဇာခရိ​၏​သား ယဟာဇေလ​အပေါ် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သက်ရောက်​လာ​၍


ထိုသို့ ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​တွင် မျက်ရည်ကျ​လျက် ပျပ်ဝပ်​၍ အပြစ်​ဝန်ချ​တောင်းပန်​နေစဉ် ယောက်ျား​၊ မိန်းမ​၊ ကလေးသူငယ်​များ​ပါမကျန် အစ္စရေး​လူအုပ်​ကြီး​သည် သူ့​ထံ​လာ​၍ အော်ဟစ်ငိုကြွေး​ကြ​လေ​၏​။


လူ​တို့​ကို​စုဝေး​စေ​၍ လူထုကြီး​ကို စင်ကြယ်​စေ​လော့​။ သက်ကြီးဝါကြီး​များ​ကို စုရုံး​စေ​လော့​။ နို့စို့ကလေး​မှစ၍ ကလေးငယ်​တို့​ကို စုစည်း​လော့​။ သတို့သား​ကို အခန်း​ထဲမှ​လည်းကောင်း​၊ သတို့သမီး​ကို မင်္ဂလာခန်း​မှ​လည်းကောင်း ထွက်လာ​စေ​လော့​။


ထိုအခါ နိနေဝေ​မြို့သား​တို့​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် အစာရှောင်​ရာ​နေ့​ကို ကြေညာ​ပြီးလျှင် အကြီးဆုံး​မှ​အငယ်ဆုံး​တိုင်အောင် လျှော်တေအဝတ်​ကို​ဝတ်​ကြ​၏​။


သို့သော် ထို​နေ့ရက်​များ​စေ့​သောအခါ ငါ​တို့​သည် ခရီး​ဆက်​ရန် ထွက်ခွာ​ကြ​၏။ သူ​တို့​အားလုံး​သည် ဇနီး​၊ သားသမီး​များ​နှင့်အတူ မြို့​ပြင်​အထိ ငါ​တို့​ကို​လိုက်ပို့​ကြ​၏။ ငါ​တို့​သည် ပင်လယ်​ကမ်းခြေ​တွင် ဒူး​ထောက်​လျက်​ဆုတောင်း​ပြီးနောက်


ယနေ့ သင်​တို့​အားလုံး​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် သင်​တို့​မျိုးနွယ်​များ​၏​အကြီးအမှူး​များ​၊ သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ အစ္စရေး​အမျိုးသား​အားလုံး​မှစ၍


သင်​တို့​သည် ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း ဤ​ပဋိညာဉ်​ပါ​အချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။