ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
၂ ရာချုပ် 19:8 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။ Common Language Bible ယောရှဖတ်သည်မြို့သူမြို့သားအချင်းချင်း တရားတွေ့မှုများနှင့်ထာဝရဘုရား၏ပညတ် တော်ကိုချိုးဖောက်မှုများကိုစီရင်ရန်အတွက် လေဝိအနွယ်ဝင်များနှင့်မြို့မိမြို့ဖများအား တရားသူကြီးများအဖြစ်ခန့်ထားတော်မူ၏။- Garrad Bible ယေ ရု ရှ လင် မြို့ သို့ ပြန် လာ သော အ ခါ၊ ယော ရှ ဖတ် မင်း သည်၊ သာ သ နာ မှု နှင့် လော က မှု များ ကို စီ ရင် ကြ စေ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် တို့ ကို ရွေး ချယ် ခန့် ထား၍ မိန့် ဆို သည် မှာ၊ Judson Bible ယေရုရှလင်မြို့၌လည်း၊ ထာဝရဘုရား၏ တရားမှုကိုလည်းကောင်း၊ ယေရုရှလင်မြို့သားအချင်းချင်း တရားတွေ့မှုတို့ကိုလည်းကောင်း၊ စီရင်စေခြင်းငှာ လေဝိသား၊ ယဇ်ပုရောဟိတ်၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား၍၊ |
ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
ဣဇဟာအမျိုးဖြစ်သော ခေနနိနှင့်သူ၏သားများမူကား အိမ်တော်ပြင်ပအလုပ်ဖြစ်သော အစ္စရေးလူမျိုးတို့ကို ကြီးကြပ်အုပ်ချုပ်ရသူများ၊ တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရ၏။
ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။
ထို့ပြင် သူတို့အား “ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ သစ္စာစောင့်လျက် စိတ်ဆန္ဒအပြည့်အဝဖြင့် လုပ်ဆောင်ကြလော့။
အကြောင်းမူကား ထိုအရပ်၌ တရားစီရင်ရာပလ္လင်များတည်းဟူသော ဒါဝိဒ်အမျိုးအနွယ်၏ပလ္လင်များရှိ၏။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြလျှင် တရားရုံးသို့သွားရမည်။ တရားသူကြီးသည် ဖြောင့်မတ်သောသူကို အပြစ်မရှိဟုစီရင်ရမည်။ ဆိုးယုတ်သောသူကို အပြစ်ရှိသည်ဟုစီရင်ရမည်။