ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
၂ ရာချုပ် 18:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာ အမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။ Common Language Bible မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လာရလျှင်ငါဆင့်ဆိုသောစကား သည်ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်'' ဟုပြောပြီးနောက်ဆက်လက်၍``အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ကြ လော့'' ဟုဆို၏။ Garrad Bible မိ က္ခာ က၊ အ ကယ်၍ ဘု ရင် မင်း ချမ်း သာ စွာ ပြန် လာ ရ လျှင်၊ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ သည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ အို လူ မျိုး အ ပေါင်း တို့၊ နာ ခံ ကြ လော့ ဟူ ၍ လည်း ကောင်း၊ ဆို လေ ၏။ Judson Bible မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်၀ပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။ |
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
‘ငါတို့ထံ ဘေးအန္တရာယ် ရောက်လာမည်မဟုတ်။ ငါတို့သည် ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟု ဆိုသော ငါ့လူမျိုးတော်အပြစ်သားအားလုံးတို့သည် ဓားဖြင့် သေကြရလိမ့်မည်။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။
ဤလူတို့သည် လူတိုင်းသေသကဲ့သို့ပင် သေရကြလျှင်၊ လူတိုင်းတွေ့ကြုံရသကဲ့သို့ပင် တွေ့ကြုံရကြလျှင် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကို နောက်တစ်ဖန်ခေါ်ပြီးလျှင်“သင်တို့အားလုံး ငါ့စကားကိုနားထောင်၍ နားလည်ကြလော့။