ထို့အတူ ပရောဖက်အပေါင်းတို့ကလည်း “ရာမုတ်ဂိလဒ်မြို့သို့ ချီတက်လော့။ အောင်မြင်မှုရမည်။ ထာဝရဘုရားသည် ထိုမြို့ကိုမင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပရောဖက်ပြုကြ၏။
၂ ရာချုပ် 18:12 - မြန်မာ့စံမီသမ္မာကျမ်း မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။ Common Language Bible ဤအတောအတွင်း၌မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``ပရောဖက်အား လုံးကပင်မင်းကြီးသည်အောင်မြင်လိမ့်မည် ဖြစ်ကြောင်းဟောကြပါပြီ။ ကိုယ်တော်သည် လည်းဤအတိုင်းဟောသင့်ပါသည်'' ဟုဆို၏။ Garrad Bible မိ က္ခာ ကို ခေါ် သော သူ က၊ ပ ရော ဖက် အ ပေါင်း တို့ သည်၊ မင်္ဂ လာ စ ကား ကို သာ ဘု ရင် မင်း အား၊ တစ် ခွန်း တစ် သံ တည်း ဟော ကြ ပါ ပြီ။ ကိုယ် တော် လည်း၊ သူ တို့ နည်း တူ၊ မင်္ဂ လာ စ ကား ကို သာ ဟော တော် မူ ပါ ဟု တိုက် တွန်း လျှင်၊ Judson Bible မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊ |
ထို့အတူ ပရောဖက်အပေါင်းတို့ကလည်း “ရာမုတ်ဂိလဒ်မြို့သို့ ချီတက်လော့။ အောင်မြင်မှုရမည်။ ထာဝရဘုရားသည် ထိုမြို့ကိုမင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပရောဖက်ပြုကြ၏။
သို့သော် မိက္ခာယက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ငါ၏ဘုရားသခင် မိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
သူတို့က “သင်တို့ မဟောပြောကြနှင့်”ဟု ဟောပြောကြ၏။ ဤအကြောင်းနှင့်ပတ်သက်၍ မည်သူမျှ မဟောပြောကြနှင့်။ ငါတို့ အသရေပျက်ရလိမ့်မည်မဟုတ်။
ယောရှုနှင့်အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် တစ်ဖွဲ့တည်း ပူးပေါင်းကြလေ၏။