အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
၂ ရာချုပ် 17:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထာဝရဘုရား၏ပညတ်တရားကျမ်းကို ယူဆောင်သွားပြီး ယုဒပြည်တစ်လျှောက် သွန်သင်ပေး၏။ ယုဒမြို့ရွာအားလုံးသို့ လှည့်လည်ပြီး လူတို့အား သွန်သင်ပေး၏။ Common Language Bible သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။ Garrad Bible ယု ဒ ပြည် လုံး နှံ့ ဒေ သ စာ ရီ လှည့် လည် လျက်၊ ပါ ရှိ သော ထာ ဝ ရ ဘု ရား၏ ပ ည တ္တိ ကျမ်း အ ရ၊ မြို့ သူ မြို့ သား တို့ ကို ဩ ဝါ ဒ ပေး ကြ လေ၏။ Judson Bible ထိုသူတို့သည် ယုဒပြည်၌ဩဝါဒပေး၍၊ ထာဝရဘုရား၏ပညတ္တိကျမ်းပါလျက်၊ ယုဒမြို့အရပ်ရပ်တို့တွင်၊ လှည့်လည်သဖြင့်၊ ပြည်သားတို့ကို သွန်သင်ကြ၏။ |
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
လူအပေါင်းတို့ ရပ်နေကြစဉ် ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယနှင့်လေဝိသားတို့သည် လူတို့အား ပညတ်တရားကိုနားလည်အောင်ရှင်းပြကြ၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
မြို့တစ်မြို့တွင် သင်တို့ကိုညှဉ်းဆဲကြသောအခါ အခြားတစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးမြို့များကို သင်တို့အနှံ့မရောက်မီ လူ့သားသည်ကြွလာလိမ့်မည်။
ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို မိန့်မှာတော်မူပြီးသောအခါ သူတို့၏မြို့များတွင် သွန်သင်ရန်နှင့်ဟောပြောရန် ထိုအရပ်မှ ထွက်ခွာတော်မူ၏။
သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
မောရှေသည် ငါ့အကြောင်းကိုရေးထားသည်ဖြစ်၍ သင်တို့သည် မောရှေကိုယုံကြည်ခဲ့လျှင် ငါ့ကိုလည်း ယုံကြည်ခဲ့ကြပေလိမ့်မည်။
ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။
အကြောင်းမူကား ရှေးအခါကပင် မြို့တိုင်း၌ မောရှေ၏ပညတ်တရားကို ဟောပြောသောသူရှိ၍ ထိုကျမ်းကို ဥပုသ်နေ့တိုင်း ဝတ်ပြုစည်းဝေးကျောင်းများတွင် ဖတ်လေ့ရှိကြ၏”ဟု ဆိုလေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
အဘက်ဘက်၌ အကျိုးများစွာရှိ၏။ ပထမဦးစွာ သူတို့၌ ဘုရားသခင်၏နှုတ်ကပတ်တရားတော်များကို ယုံကြည်အပ်နှံထားတော်မူ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။