ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
၂ ရာချုပ် 17:12 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယောရှဖတ်မင်းကြီးသည် အင်အားကြီးသည်ထက်ကြီးလာ၏။ ယုဒပြည်တွင် ခံတပ်များ၊ ပစ္စည်းသိုလှောင်ရာမြို့များကို တည်ဆောက်၏။ Common Language Bible သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊- Garrad Bible ယော ရှ ဖတ် မင်း သည် ခွန် အား ဗ လ ကြီး ပွား လျက်၊ ယု ဒ ပြည် တွင် ခံ တပ် နှင့် ရိ က္ခာ တော် သို ထား ရာ မြို့ များ ကို တည် ဆောက် သည့် ပြင်၊ Judson Bible ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား၍၊ ယုဒပြည်၌ ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော်မူ၏။ |
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
ယုဒမြို့ရွာတို့တွင် သူ၏လုပ်ငန်း မြောက်မြားစွာရှိ၏။ ဂျေရုဆလင်မြို့တွင်လည်း ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ရှိ၏။
ယောရှဖတ်မင်းကြီးသည် ဓနဥစ္စာ၊ ဘုန်းအသရေတိုးပွားလျက်ရှိ၏။ အာဟပ်မင်းမျိုးနှင့်လည်း စုံဖက်ဆွေမျိုးစပ်၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ယုဒတောင်ပေါ်ဒေသတွင်လည်း မြို့ရွာများကို တည်၏။ တောထဲတွင်လည်း ခံတပ်များ၊ မျှော်စင်များကို တည်၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။