နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
၂ ရာချုပ် 16:13 - မြန်မာ့စံမီသမ္မာကျမ်း နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၏။ နန်းစံလေးဆယ့်တစ်နှစ်တွင် အနိစ္စရောက်လေ၏။ Common Language Bible နောက်နှစ်နှစ်မျှကြာသော်သူသည်ကွယ်လွန် သောအခါ၊- Garrad Bible အာ သ မင်း သည်၊ နန်း စံ လေး ဆယ့် တစ် နှစ် တွင်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် ကွယ် လွန် လျက်၊ Judson Bible အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံလေးဆယ်တစ်နှစ်တွင် အနိစ္စရောက်သဖြင့်၊ |
နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ အဘီတော်ဒါဝိဒ်မြို့တွင် သူ့ကို ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြလေ၏။ သူ၏သားတော် ယောရှဖတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။