ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
၂ ရာချုပ် 16:11 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible အာသ၏လက်ထက်၌ဖြစ်ပျက်သမျှသော အမှုအရာများကို ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်တွင်မှတ်တမ်းတင်ထားသတည်း။- Garrad Bible အာ သ မင်း အ စ အ ဆုံး ပြု မူ သ မျှ သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။ Judson Bible အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ရောဗောင်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ပရောဖက်ရှေမာယနှင့် ဗျာဒိတ်ရသူဣဒေါ၏မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးမှတ်ထား၏။ ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
ကျန်ရှိနေသောယောရှဖတ်မင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင်ပါဝင်သော ဟာနနိ၏သားယေဟု၏မှတ်တမ်းထဲတွင် ရေးမှတ်ထားလျက်ရှိ၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသောဩဇိမင်းကြီးလက်ထက်အဖြစ်အပျက်အစအဆုံးကို အာမုတ်၏သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထား၏။
ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ သူ၏အပြုအမူအကျင့်အကြံအလုံးစုံတို့ကို အစ္စရေးဘုရင်၊ ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သောကောင်းမှုများကို ယုဒဘုရင်နှင့်အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ပါဝင်သော အာမုတ်၏သားပရောဖက်ဟေရှာယ၏ဗျာဒိတ်နိမိတ်ကျမ်းတွင် ရေးမှတ်ထား၏။
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်ဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
သူ၏လုပ်ဆောင်မှုအစအဆုံးတို့ကို အစ္စရေးနှင့် ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းများတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက် အဖြစ်အပျက်အစမှအဆုံးကို ပရောဖက်နာသန်၏မှတ်တမ်းတွင်လည်းကောင်း၊ ရှိလောမြို့သား အဟိယ၏အနာဂတ္တိကျမ်းတွင်လည်းကောင်း၊ နေဗတ်၏သားယေရောဗောင်မင်းကြီး၏ဗျာဒိတ်ဆရာဣဒေါ၏ဗျာဒိတ်ကျမ်းတွင်လည်းကောင်း ရေးမှတ်ထား၏။