ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
၂ ရာချုပ် 15:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ တိုင်းပြည်တွင်နေထိုင်သူအပေါင်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေရပြီး သွားလာရာတွင်လည်း လုံခြုံမှုမရှိခဲ့ကြ။ Common Language Bible ထိုစဉ်အခါကအတိုင်းတိုင်းအပြည်ပြည် တွင်အေးချမ်းသာယာခြင်းမရှိသဖြင့် အဘယ် သူမျှဘေးမဲ့လုံခြုံစွာခရီးမသွားမလာ နိုင်ကြ။- Garrad Bible ထို ကာ လ များ တွင်၊ ပြည် နယ် အ ရပ် ရပ်၌ ဖီ ဆန် ခြင်း အ ထူး ရောက် သော ကြောင့်၊ ခ ရီး သွား လာ သူ တို့ ရန် ဧ သည် မ ဟုတ်။ Judson Bible ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။ |
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။
ထို့နောက် နေ၊ လ၊ ကြယ်တာရာများ၌ အတိတ်နိမိတ်များဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ပင်လယ်လှိုင်းတံပိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လျက် တုန်လှုပ်ချောက်ချားကြလိမ့်မည်။
အာနတ်၏သား ရှံဂါလက်ထက်၊ ယေလလက်ထက်တို့၌ လမ်းမတို့သည် ဆိတ်ညံလေပြီ။ သွားလာသောသူတို့သည် လမ်းကြိုလမ်းကြားတို့၌သာ သွားလာကြရပြီ။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။