ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
၂ ရာချုပ် 14:14 - မြန်မာ့စံမီသမ္မာကျမ်း ဂေရာမြို့နှင့် အနီးဝန်းကျင်ရှိမြို့များမှ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ယုဒလူမျိုးတို့သည် ထိုမြို့အားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။ မြို့အားလုံးတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့၍ တိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့၏။ Common Language Bible ထိုနောက်ဂေရာမြို့အနီးတစ်ဝိုက်ရှိမြို့တို့ သည်ထာဝရဘုရားအားကြောက်လန့်လျက် နေကြသဖြင့် ယုဒတပ်မတော်သားတို့သည် ထိုမြို့များကိုဖြိုဖျက်နိုင်ကြလေသည်။ သူ တို့သည်ထိုမြို့အပေါင်းကိုတိုက်ခိုက်ကြရာ လက်ရပစ္စည်းအမြောက်အမြားကိုသိမ်းယူ ရရှိကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သည် ဂေ ရာ မြို့ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ အ ပေါ် သို့ သက် ရောက် သ ဖြင့်၊ ဥ စ္စာ ဓ န များ သော ထို မြို့ ရွာ ရှိ သ မျှ ကို လုပ် ကြံ လု ယူ ပြီး လျှင်၊ Judson Bible ဂေရာမြို့ ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာဥစ္စာအများတို့ကို သိမ်းယူကြ၏။ |
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
ကျန်ရှိနေသော အာသမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ သူပြုခဲ့သမျှသောအရာများ၊ တည်ဆောက်ခဲ့သောမြို့များအကြောင်း စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ သူသည် အိုမင်းချိန်ရောက်သောအခါ ခြေထောက်တွင် အနာဖြစ်၏။
လူတို့သည် ထွက်သွား၍ ဆီးရီးယားတပ်စခန်းကို သိမ်းယူကြလေ၏။ ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သူတို့သည် မုန့်ညက်တစ်စေအာကို တစ်ရှယ်ကယ်၊ မုယောနှစ်စေအာကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလေ၏။
တိရစ္ဆာန်ထိန်းကျောင်းသူတို့၏တဲများကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။
ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
အစ္စရေးလူမျိုးတို့၏ရန်သူတို့အား ထာဝရဘုရားတိုက်ခိုက်သည့်အကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအပေါင်းတို့ ကြားသိကြလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြလေ၏။
ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
သင်၏ကြိုးတို့သည် လျော့၍ ရွက်တိုင်ကို မြဲမြံစွာမဆွဲထားနိုင်၊ ရွက်ကိုလည်း မဖြန့်နိုင်။ ထိုအခါ သင်တိုက်ခိုက်လုယူထားသည့် ဥစ္စာပစ္စည်းများစွာတို့ကို ခွဲဝေယူကြလိမ့်မည်။ ခြေမသန်သူတို့ပင် တိုက်ရာပါပစ္စည်းကို သိမ်းယူနိုင်ကြလိမ့်မည်။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။
သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။