ကျန်ရှိနေသောအဘိယံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ အဘိယံမင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည်လည်း အချင်းချင်းစစ်တိုက်ကြ၏။
၂ ရာချုပ် 13:3 - မြန်မာ့စံမီသမ္မာကျမ်း အဘိယမင်းကြီးသည် လက်ရွေးစင်စစ်သူရဲအယောက်လေးသိန်းတို့နှင့်အတူ စစ်ချီထွက်၏။ ယေရောဗောင်မင်းကြီးသည်လည်း လက်ရွေးစင်စစ်သူရဲအယောက်ရှစ်သိန်းနှင့်အတူ အဘိယမင်းကြီးကို တိုက်ခိုက်ရန် စစ်ချီလာ၏။ Common Language Bible အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။ Garrad Bible လက် ရွေး သူ ရဲ ကောင်း အ လုံး အ ရင်း လေး သိန်း နှင့် အ ဘိ ယ မင်း စစ် ခင်း ကျင်း ရာ ယေ ရော ဗောင် မင်း သည် လက် ရွေး စစ် ခေါင်း မာ သူ ရှစ် သိန်း နှင့် ဆီး ဆို့ ခင်း ကျင်း လေ၏။ Judson Bible အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်းလေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သော စစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်းကျင်း၏။ |
ကျန်ရှိနေသောအဘိယံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ အဘိယံမင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည်လည်း အချင်းချင်းစစ်တိုက်ကြ၏။
ယွာဘသည် လူအရေအတွက်စာရင်းကို ဒါဝိဒ်မင်းကြီးထံ ပေးအပ်၏။ စာရင်းအရ အစ္စရေးတစ်မျိုးနွယ်လုံးတွင် ဓားကိုင်တပ်သား အားလုံးပေါင်းအယောက်တစ်ဆယ့်တစ်သိန်း၊ ယုဒအမျိုးတွင် ဓားကိုင်တပ်သား အယောက်လေးသိန်းခုနစ်သောင်း ရှိ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
ဂျေရုဆလင်မြို့တွင် သုံးနှစ်စိုးစံ၏။ မယ်တော်ကား ဂိဗာမြို့သားဥရေလ၏သမီး မိက္ခာယအမည်ရှိ၏။ အဘိယမင်းကြီးနှင့်ယေရောဗောင်မင်းကြီးတို့သည် အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
အဘိယမင်းကြီးသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ ဇေမရိမ်တောင်ပေါ်တွင် ရပ်လျက် “အို ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။