ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။
၂ ရာချုပ် 10:2 - မြန်မာ့စံမီသမ္မာကျမ်း ရှောလမုန်မင်းကြီးထံမှထွက်ပြေးသွားခဲ့သော နေဗတ်၏သားယေရောဗောင်သည် အီဂျစ်ပြည်၌ခိုလှုံနေ၏။ ထိုသတင်းကိုကြားရလျှင် ယေရောဗောင်သည် အီဂျစ်ပြည်မှ ပြန်လာ၏။ Common Language Bible ရှောလမုန်၏ဘေးမှလွတ်မြောက်ရန်အီဂျစ် ပြည်သို့ထွက်ပြေးသွားသူ၊ နေဗတ်၏သား ယေရောဗောင်သည်ထိုသတင်းကိုကြား သောအခါမိမိ၏ပြည်သို့ပြန်လာ၏။- Garrad Bible ရှော လ မုန် မင်း ထံ မှ အိ ဂျစ် ပြည် သို့ ပြေး ဝင် ခို နေ သော၊ နေ ဗတ် သား ယေ ရော ဗောင် သည် ထို သ တင်း ကို ကြား လျှင် ကြား ချင်း ပြန် လာ၍ Judson Bible ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ပြေးသော နေဗတ်၏သား ယေရောဗောင်သည်၊ ထိုသတင်းကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ |
ထို့ပြင် ဘုရင့်အမှုထမ်းဖြစ်သူ ဧဖရိမ်အမျိုး၊ ဇေရဒမြို့သား၊ နေဗတ်၏သား ယေရောဗောင်သည်လည်း ရှောလမုန်မင်းကြီးကို ပုန်ကန်လေ၏။ သူ၏မိခင်မှာ ဇေရွာ အမည်ရှိသောမုဆိုးမဖြစ်၏။
ယေရောဗောင်သည် လုပ်ရည်ကိုင်ရည်ရှိသူဖြစ်၏။ ရှောလမုန်မင်းကြီးသည် ဤသို့ အလုပ်ကြိုးစားသောထိုလူငယ်ကိုမြင်လျှင် ယောသပ်အမျိုးအနွယ်တို့တာဝန်ယူရသောအလုပ်ဟူသမျှကို ကြီးကြပ်သူအဖြစ်ခွဲခန့်ထား၏။
ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
ရှောလမုန်မင်းကြီးထံမှထွက်ပြေးသွားခဲ့သော နေဗတ်၏သားယေရောဗောင်သည် အီဂျစ်ပြည်၌ခိုလှုံနေ၏။ ထိုသတင်းကို ကြားရလျှင် ယေရောဗောင်သည် အီဂျစ်ပြည်မှ ပြန်လာ၏။
ထို့ကြောင့် လူလွှတ်၍ သူ့ကိုခေါ်ကြ၏။ ထို့နောက် ယေရောဗောင်နှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ရောဗောင်မင်းကြီးထံသို့လာကြပြီး
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက် အဖြစ်အပျက်အစမှအဆုံးကို ပရောဖက်နာသန်၏မှတ်တမ်းတွင်လည်းကောင်း၊ ရှိလောမြို့သား အဟိယ၏အနာဂတ္တိကျမ်းတွင်လည်းကောင်း၊ နေဗတ်၏သားယေရောဗောင်မင်းကြီး၏ဗျာဒိတ်ဆရာဣဒေါ၏ဗျာဒိတ်ကျမ်းတွင်လည်းကောင်း ရေးမှတ်ထား၏။