သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
၂ ရာချုပ် 10:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရောဗောင်မင်းကြီးသည် သူတို့အား ကြမ်းတမ်းစွာပြန်ပြော၏။ သက်ကြီးဝါကြီးတို့ပေးသောအကြံကို ပစ်ပယ်ပြီး Common Language Bible မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊- Garrad Bible ရေ ဗောင် မင်း သည် လူ ကြီး တို့ အ ကြံ ကို စွန့် ၍ လူ ပျို တော် တို့ အ ကြံ ကို လိုက် လျက် သင် တို့ အ ပေါ် တွင် လေး လံ သော ထမ်း ပိုး ကို ခ မည်း တော် တင် ခဲ့ သည် မှန်၏။ ငါ ကား၊ ထပ်၍ တင် ဦး မည်။ ခ မည်း တော် သည် သင် တို့ ကို နှင် တံ ဖြင့် ဆုံး မ ခဲ့ သည် မှန်၏။ ငါ ကား ကင်း မြီး ကောက် နှင့် ဆုံး မ ဦး မည် ဟု ခက် ထန် စွာ ပြန် ဆို၏။ Judson Bible ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်၊ လူပျိုတို့ပေးသော အကြံကိုလိုက်လျက်၊ |
သူတို့က “ထိုပြည်၏အရှင်သခင်သည် အကျွန်ုပ်တို့အား ကြမ်းတမ်းစွာပြောဆိုလျက် ထိုပြည်ကို စူးစမ်းရန်လာသောသူလျှိုများဟု ထင်မှတ်ပါ၏။
ယောသပ်သည် မိမိ၏အစ်ကိုတို့ကိုမြင်သောအခါ သူတို့ကို မှတ်မိသော်လည်း မသိဟန်ဆောင်လျက် ကြမ်းတမ်းစွာပြောဆို၏။ ယောသပ်က သူတို့အား “သင်တို့ အဘယ်ကလာကြသနည်း”ဟု မေးလျှင် သူတို့က “အစားအစာဝယ်ယူရန် ခါနာန်ပြည်မှလာကြပါ၏”ဟု ပြန်လျှောက်ကြ၏။
ရှင်ဘုရင်က “သုံးရက်မြောက်နေ့တွင် ငါ့ထံပြန်လာကြ”ဟု ဆိုသည့်အတိုင်း ယေရောဗောင်နှင့်လူအပေါင်းတို့သည် သုံးရက်မြောက်သောနေ့တွင် ရောဗောင်မင်းကြီးထံသို့ ပြန်လာကြ၏။
လူငယ်တို့ပေးသောအကြံအတိုင်း ထိုသူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။
သို့သော် ရောဗောင်မင်းကြီးသည် သက်ကြီးဝါကြီးတို့ပေးသောအကြံကို လက်မခံဘဲ သူ့ထံ၌ခစားနေသော ငယ်ပေါင်းကြီးဖော်လူငယ်များနှင့် တိုင်ပင်လေ၏။
သို့ဖြစ်၍ ဖာရောမင်းကြီးက မောရှေအား “ငါ့ထံမှထွက်သွားလော့။ ငါ့ရှေ့သို့ နောက်ထပ်မဝင်မိစေရန် သတိပြုလော့။ အကယ်စင်စစ် ငါ့မျက်နှာကိုသင်မြင်သောနေ့၌ သင်သေရလိမ့်မည်”ဟု ဆိုလေ၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ဆင်းရဲသောသူသည် အသနားခံပြောဆိုတတ်၏။ ချမ်းသာသောသူမူကား ကြမ်းတမ်းစွာတုံ့ပြန်ပြောဆိုတတ်၏။
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။